Monday 2 July 2012

သမီးလေးလက်ရာ ကြက်သား ချိုချဉ်ကြော်



ဒီနေ့တော့ မာမာ့သမီးလေးရဲ့လက်ရာ ကြက်သားချိုချဉ်ကြော်လေး ပို့ခဲ့ပါပြီ သူကျောင်းပိတ်တဲ့ရက်မှာ ဟင်းချက်ချင်တယ် ဆိုတာနဲ့ အိုးသူကြီးမာမာ ဇိမ်ယူပြီး အနားယူလိုက်ပါတယ်။

သမီးလေးကYear 10 တုံးက မုန့်လုပ်နည်း ဟင်းချက်နည်းတွေကို သူဘာသာရပ်တစ်ခု အနေနဲ့ယူခဲ့လို့ ဟင်းအမျိုးပေါင်းများစွာကို သမီးလေး ချက်တတ်ပါတယ်။

မိန်းကလေးဆိုတော့လဲ အချက်အပြုပ်လေးတွေ တတ်ထားတော့ မမှားဘူးပေါ့ရှင် သူစိတ်လို လက်ရနဲ့ ချက်တဲ့ဟင်းလေးတွေက အရမ်းကောင်းပါတယ်  မာမာက ဘိုစာတွေ ဂျပန်အစာတွေ ချက်ရတာ မကျွမ်းကျင်ပေမဲ့ သမီးလေးက ကျွမ်းကျွမ်းကျင်ကျင် ချက်နိုင်ပါတယ် သူနည်းစနစ်တကျ ချက်ထားတဲ့ ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

လေးယောက်စာအတွက်ပါ
- 2 boneless chicken breasts(500 g)
- 1 / 2 teaspoon salt
- 1 / 2 tsp pepper
- 2 cloves garlic, mashed
- 50 gr corn flour / corn starch
- 50 gr flour
- 3 tablespoons water
- Oil, for frying
Sweet and Sour Chicken Sauce Ingredients:
- 4 tablespoons tomato sauce
- ½ onion, roughly chopped
- 2 cm ginger, crushed
- 1 carrot, cut into matchsticks
- 100 ml water
- 1 tablespoon cornstarch, dissolved in 2 tablespoons water
- ½ teaspoon salt
- 1 tsp sugar
- ½ teaspoon pepper
 ကြက်သားကြော်ရန်အတွက်
  • ကြက်ရင်ပုံသား - 500 g(တစ်စင်တီမီတာလောက်အတုံးများတုံးပါ)
  • ဆား - 1/2 teaspoon
  • ငရုတ်ကောင်း - 1/2 teaspoon(ထောင်းပေးပါ)
  • ကြက်သွန်ဖြူ - နှစ်မွှာ (ထောင်းပေးပါ)
  • ပြောင်းဖူးမှုန့် - 50 g (ရေနှင့်ဖျော်ရန်)
  • ဂျုံမှုန့် - 50 g (ရေနှင့်ဖျော်ရန်)
  • ရေ - 3 tablespoons
  • ဆီ - 3 cups (ကြက်သားကြော်ရန်)
အချဉ်ရည်အတွက်လိုတာလေးတွေက
  • ခရမ်းချဉ်သီးအချဉ် - 4 tablespoons
  • ကြက်သွန်နီ - တစ်ခြမ်း (လှီးပေးပါ)
  • ချင်း - 2 cm (လှီးပေးပါ)
  • မုံလာဥနီ - တစ်ဥ (လှီးပေးပါ)
  • ရေ - 100 ml
  • ပြောင်းဖူးမှုန့် - 1 tablespoon+ရေ-2 tablespoons(ဖျော်ပေးပါ)
  • ဆား - 1/2 teaspoon
  • သကြား - 1 teaspoon
  • ငရုတ်ကောင်းမှုန့် - 1/2 teaspoon
သမီးလေးဟင်းချက်ရင်သုံးတဲ့ ဇွန်းနဲ့ခွက်လေးပါ

ဟင်းချက်ရာတွင် လိုမည့်ပစ္စည်းများ
ခရမ်းချဉ်သီး အချဉ်ဘူးလေးထဲ့ မရိုက်မိလိုက်ပါဘူး

ဂျုံနှင့်ပြောင်းဖူးမှုန့်ကိုရေနှင့်ဖျော်ပြီး ကြက်သားကိုဆား
ငရုတ်ကောင်းကြက်သွန်ဖြူထောင်းတို့နှင့်
ရောနယ်ကာ ဂျုံဖျော်ရည်နှင့်ရောမွှေပေးပါ

မီးအနေတော်နှင့် အပူပေးထားသော ဆီပူပူမှာ
ရွှေအိုရောင်သန်းတဲ့ထိ ကြက်သားဂျုံနယ်လေးတွေကို ကြော်ပေးပါ

ရွှေအိုရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးထားပါ

အချဉ်ရည်အတွက် ကြက်သားကြော်၍ ပိုသောဆီကို
အိုးထဲမှာနဲနဲချန်ပြီး ကျန်ဆီများကို ဖယ်ပေးပါ အိုးထဲတွင်
ကျန်သောဆီအနည်းငယ်နှင့် ကြက်သွန် ချင်းတို့ကို ထဲ့ကြော်ပေးပါ

ကြက်သွန်နှင့် ချင်းနဲနဲနွမ်းပါက ခရမ်းချဉ်သီးအချဉ်ကို ထဲ့မွှေပေးပါ

ပွက်ပွက်ဆူလာပါက မုံလာဥနီကိုထဲ့ချက်ပေးပါတယ် ပြီးလျှင်ဆား
သကြားနှင့်ငရုတ်ကောင်းမှုန့်တို့ကို ထဲ့ချက်ပေးပါ

မုံလာဥနီနဲနဲနွမ်းပါက ပြောင်းဖူးမှုန့်ဖျော်ရည်ကို ထဲ့ချက်ပေးပါ

အချဉ်ရည်ပျစ်သွားပြီဆိုပါက ဆီစစ်ထားသော
ကြက်သားကြော်ကို ထဲ့မွှေပေးပါ
အရမ်းကိုအရသာရှိတဲ့ ကြက်သားကြော်လေးရပါပြီ
ဘလော့လာ မိတ်ဆွေများအတွက်ပါ

6 comments:

  1. သမီးလေးက တော်လိုက်တာ မရေ

    ReplyDelete
    Replies
    1. စုရေ
      သူ Year 10 တုံးကfood ကိုဘာသာရပ်တစ်ခုယူပြီးသင်ထားတယ်လေ
      တော်တယ်ပြောလို့ကျေးဇူးဘဲနော်စု

      Delete
  2. ဟုတ်ပ တော်လိုက်တာ မမမာသမီးလေးက .. စားချင်စားဖွယ်လေးလုပ်ထားတာ။
    ရုံးဆင်းခံနီးဗိုက်ဆာလို့ပါဆိုမှ :(
    သရေလာကျသွားတယ် မမမာရေ

    ReplyDelete
    Replies
    1. ကျေးဇူးပါဘဲ zuzu ရေ
      ဗိုက်စာအောင်လုပ်မိလို့sorry နော် :)

      Delete
  3. မနက်က လိုက်ရှာနေတာ ချိုချဉ်ကြော်ကို မတွေ့ခဲ့ဘူး
    ခု ဖဘ မှာတွေ့ပြီးလိုက်လာတာ ကြော်စားမလို့နည်းလာယူတာပါရှင်

    ReplyDelete
    Replies
    1. ယူပါစံပယ်ချိုရေ
      တတ်သလောက်မှတ်သလောက်ဟင်းနည်းလေးတွေကိုဝေငှပေးရလို့ပျော်နေပါတယ်
      လာလည်တဲ့အတွက်လဲကျေးဇူးပါနော်

      Delete