Monday 30 July 2012

Honey Chicken



သမီးလေးချက်တဲ့ တရုတ်စာဟင်းအမယ်လေးတစ်မျိုးပါ အမြင်လှသလိုစားလို့လဲအရမ်းကောင်းပါတယ် သူ့ရဲ့စိတ်ရှည်မှုနဲ့လုပ်ရည်ကိုင်ရည်သပ်ရပ်မှုကို အမေဖြစ်တဲ့ကျွန်မတော့ တိတ်တိတ်လေးချီးကျူးမိပါတယ်
ဒီနေ့လဲ ဟင်းချက်ချင်ဆိုတာနဲ့ သူ့ကိုပေးချက်လိုက်ပြီး မာမာနားနေလိုက်ပါတယ် လူငယ်ပေမဲ့ ချက်တာပြုပ်တာလေးကိုစိတ်ဝင်တဲ့အတွက် အမေဖြစ်သူအတွက်တော့ ဝမ်းသာစရာပေါ့နော်။

ဒီနေ့သူချက်တဲ့ဟင်းလေးက ဂျင်းနံ့မွှေးမွှေးလေးရယ် ပျားရည်ရနံ့သင်းသင်းလေးရယ်ကြောင့် စားလိုက်ရင်ခံတွင်းတော်တော်တွေ့စေတဲ့ ဟင်းလေးပါ။

ကြက်သားနှင့်ကြော်ရန်အတွက်
  •  1/2 lb Chicken (ကြက်ရင်ပုံသား)
  • 1 1/3 tablespoon  cornstarch (ပြောင်းဖူးမှုန့်)
  • 1 tablespoon  flour (ဂျုံမှုန့်)
  • 1/3 teaspoon baking powder
  • 2 1/2 tablespoons water (ရေ)
  • 1/6 teaspoon salt (ဆား)
  • 1 egg (ကြက်ဥ)
ကြက်သားပေါ်ဆမ်းရန်အချဉ်အတွက်
  • 2 tablespoons oil (ဆီ)
  • 2/3 teaspoon ginger paste (ထောင်းထားသောဂျင်းအနှစ်)
  • 1 tablespoon garlic paste (ထောင်းထားသောကြက်သွန်ဖြူအနှစ်)
  • 1 tablespoon honey (ပျားရည်)
  • 1/3 salt (ဆား)
  • 1/3 vineger (ရှာလကာရည်)
  • 5 tablespoons water (ရေ)
  • 1/3 cornstarch(ပြောင်းဖူးမှုန့်)
  •  seasame seeds ( နှမ်းစေ့)

ဂျုံ  ဆား ပြောင်းဖူးမှုန့် baking powder ရေနှင့်ကြက်ဥ
ကြက်ဥကိုဖောက်ပြီးအားလုံးနှင့်ရောကာပွလာတဲ့ထိခေါက်ပေးပါတယ်
ကြက်ဥနှင့်ဖောက်ထားသောဂျုံအနှစ်များကိုအဖုံးအုပ်ပြီးမိနစ်နှစ်ဆယ်
ခန့်ထားပေးပါတယ်
မိနစ်နှစ်ဆယ်ပြည့်ပါကကြက်ရင်ပုံသားတုံးလေးများနှင့်ရောမွှေပေးပါ
မီးအနေတော်နှင့်အပူပေးထားသောဆီပူမှာကြက်သားတုံးလေးများကို
တစ်ခုချင်းဇွန်းဖြင့်ခတ်ပြီးထဲ့ကာကြော်ပေးပါတယ်
ကြွတ်ပြီးမွှေးလာလျှင်ဆယ်ပြီးဆီစစ်ပေးပါတယ်
အချဉ်အတွက် လိုအပ်သော အစာများကိုပြင်ပေးပြီး ဆီကိုအပူပေးကာ ကြက်သွန်ဖြူနှင့် ဂျင်းထောင်းကို မိနစ်ဝက်လောက်ကြော်ပေးပြီး ပျားရည် ဆား ဗီနီကာ ကော်မှုန့်
ဆိုဒါ ရေတို့ကိုထဲ့ပြီး တစ်မိနစ်လောက် ကျိုပါ


ကြက်သားကြော်ကိုပန်းကန်ထဲပြောင်းထဲ့ပြီးထိုအပေါ်သို့ကျိုထားသော
အချဉ်ကိုလောင်းချပြီးနှမ်းစေ့လေးများဖြူးပေးပါတယ်
စားချင့်စဖွယ်Honey Chickenဟင်းလေးရပါပြီ

2 comments:

  1. တော်လိုက်တာသမီးနဲ့အမေ သီတာ

    ReplyDelete
    Replies
    1. သီတာရေ
      ကျေးဇူးပါနော်

      Delete