Sunday 30 December 2012

သီးစုံ ပဲကုလားဟင်း


မာမာဒီနေ့တော့ ပိန္နဲသီးလေးနဲ့ ပဲတို့ကို ချဉ်ရည်ဟင်းလေး ချက်ထားပါတယ် ထမင်းမြိန်မြိန် စားရအောင် ဟင်းရည်လေးဆမ်းပြီး ငပိရည်လေးနဲ့ နယ်ဖတ်ပြီး စားရရင် အသားဟင်းတောင် မလိုလောက်အောင် စားလို့ကောင်းတဲ့ ဟင်းလေးပါ။

အသီးအရွက်ကတော့ ကိုယ်နှစ်သက်သလောက် ထဲ့လို့ရပါတယ် မာမာကတော့ မိသားစုလေးယောက် ညမနက်စာအတွက် ချက်တာမို့ ဟင်းသီးဟင်းရွက်တွေ နဲနဲများများထဲ့ထားပါတယ် ဒါကြောင့်မို့လို့ ထမင်းမြိန်စေမဲ့ ချဉ်ရည်ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ပြုပ်ပြီးသား ကုလားပဲဇံ - လက်ဖက်ရည်ပန်းကန် နှစ်လုံး
  • အတုံးလေးမှားလှီးထားသောမုံလာဥနီ - တစ်ဥ
  • အနေတော်တုံးထားသောအာလူးကြီးကြီး - တစ်လုံး
  • လှီးဖြတ်ထားသောမုန့်ညှင်းရွက် - သုံးရွက်
  • အခွံခြစ်အကြောသင်ကာ လှီးထားသောဒန့်ဒလွန်သီး - သုံးတောင့်
  • အခွံခွာပြီး ပြုပ်ထားသောပိန္နဲသီး - ဟင်းပြင်ပန်းကန် တစ်လုံးစာ
  • မကျည်သီးအနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - တစ်ခြမ်း
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - သုံးမွှာ
  • ညက်နေအောင်ထောင်းထားသော ချင်း - လက်တစ်ဆစ်၏တစ်ဝက်
  • ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • မဆလာ - လက်ရည်ဇွန်း တစ်ဇွန်း
  • ပျဉ်းတော်သိမ်းရွက် - အနည်းငယ်
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပဲကုလားဟင်းချက်ရန် လိုအပ်သော ပစ္စည်းများ


အရင်ဆုံး အမွှေးနံ့သာများ ရောထောင်းထားသော 
ငရုတ်သီးထောင်းကို မွှေးလာတဲ့ထိ
ဆီသတ်ပေးပြီးမှ အသီးအရွက်များနှင့် ငံပြာရည်
ထမင်းစားဇွန်းနှစ်ဇွန်းထဲ့ကာ
နွမ်းလာတဲ့ထိ ဆီသတ်ပေးပါ နောက်ဆုံးမှ 
ပြုပ်ထားသော ပဲကိုထဲ့ပေးပါ



ပဲထဲ့ပြီးရေလိုသလောက်ထဲ့ကာ ဆား ငံပြာရည်နှင့် 
ဟင်းချိုမှုန့်တို့ထဲ့၍ရေဆူအောင်တည်ပေးပြီးမှ 
မကျည်းသီးမှည့် အနှစ်ထဲ့၍ အသီးအရွက်များနူးတဲ့ထိ
တည်ပေးပါ ပြီးမှ မဆလာနှင့် ပျဉ်းတော်သိမ်းရွက်
ထဲ့မွှေပေးပြီး အရသာမြည်း၍လိုသလို ပြင်ပေးပါ



အရသာအလွန်ရှိတဲ့ ပိန္နဲသီး ပဲချဉ်ရည်ဟင်း 
အရည်သောက်ဆမ်း ရပါပြီ

6 comments:

  1. ပိန္နဲသီးနဲ့ တစ်ခါမှ မစားဖူးဘူး အစ်မရေ...
    ပိန္နဲသီးကို ကို မစားဖူးတာ.. ကောင်းတယ်လို့တော့ ပြောကြတယ်..
    အစ်မချက်ထားတာ စားချင်စရာကြီး.. စားချင်လိုက်တာ အစ်မရယ်..
    (^_^)

    ReplyDelete
    Replies
    1. စားလို့အရမ်းကောင်းတယ် ညီမရေ
      ချက်စားကြည့်နော်

      Delete
  2. eit thal lar lote chin lite tar...sarr chin lo

    chaw

    ReplyDelete
    Replies
    1. လာလည်ပါလား ချောရေ
      မမမာ တစ်ကယ်ကျွေးချင်ပါတယ်

      Delete
  3. ပိန္နဲသီးကြိုက်တယ် မမမာရေ

    ReplyDelete
    Replies
    1. စားနော် စု
      မမမာလဲကြိုက်တယ်

      Delete