Saturday, 8 December 2012

သရက်သီးစိမ်း ငပိချက်

သရက်သီးစိမ်းငပိချက်
မာမာတို့ဒီနေ့ သရက်သီးစိမ်းငပိချက်လေးချက်ပါမယ်  နေတွေပျင်းလာတာနဲ့အမျှရေတွေအသောက်များပြီး ထမင်းစားတွေလဲပျက်လာမှာဘဲနော် ဒါကြောင့်မို့ထမင်းစားမိန်အောင် ချဉ်ချဉ်ဖြုန့်ဖြုန့်လေးနဲ့ အရမ်းစားကောင်းမဲ့ သရက်သီးစိမ်းငပိချက်လေးချက်ပြီး ထမင်းမိန်မိန်သုံးဆောင်ကြပါမယ် ဒီနေ့တော့ တောသဘာဝအလှူငပိချက်လေးနဲ့ချက်ပြီး မာမာရွာကိုလွမ်းလိုက်ပါအုံးမယ်  ပျော်ပျော်ပါးပါးသိုက်သိုက်ဝန်းဝန်းနဲ့ထမင်းစားမိန်ကြပါစေလို့....
သရက်သီးအနေတော်နှစ်လုံးကိုအခွံခွာပြီး ဓါးနှင့်ခပ်နုတ်နုတ်ပေါက်ကာလှီးပေးပြီးကြက်သွန်နီဥကြီးကြီးတစ်လုံးကိုခပ်ပါးပါးလှီးပေးပါတယ် ပုဇွန်ခြောက်မှုန့်လက်ဖက်ရည်ပန်းကန်တစ်လုံးခွဲသာသာ ပြင်ပေးထားပါတယ်
ဆီလက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်လောက်ကိုနနွင်းမှုန့်လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံလောက်ထဲ့ကာအပူ
ပေးပြီးကြက်သွန်နီကိုအရင်မွှေးလာတဲ့ထိကြော်ပေးပါပြီးမှငရုတ်သီးလုံးခြမ်းခွဲထမင်းစားဇွန်းနှစ်ဇွန်းသာသာ
လောက်ထဲ့ကြော်ပေးပါတယ်
ငရုတ်သီးမွှေးလာပါကသရက်သီး ငံပြာရည်ထမင်းစားဇွန်းငါးဇွန်းနှင့် ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက် သာသာလောက်ထဲ့ပြီးသုံးမိနစ်လောက်ချက်ပေးပါ
သရက်သီးများနူးလာပါကပုဇွန်ခြောက်မှုန့်ထဲ့ပြီးမွှေးပေးပါ ဆီပြန်ပြီးသရက်သီးများနူးလာပါကရပါပြီ
ထမင်းမိန်စေမဲ့သရက်သီးစိမ်း ငပိချက်ချဉ်ငံစပ်လေးရပါပြီ

9 comments:

  1. အစ်မတို့ဆီက သရက်သီးက မြန်မာပြည်က သရက်သီးလို မွှေးလားဟင်..
    ဒီမှာ သရက်သီးတွေ တွေ့ပေမဲ့ ဘာအနံ့မှမရတော့ စားဖို့ကို feeling မလာဘူး ဖြစ်နေတာ..
    သရက်သီးအစိမ်းကို အရမ်းကြိုက်တယ်.. စားချင်လိုက်တာ အစ်မရေ..

    ReplyDelete
    Replies
    1. မွှေးပါတယ် ညီမလေးရေ
      အမချက်တဲ့သရက်သီးက မြန်မာပြည်ကဆိုင်သီးသရက်ရဲ့အနံ့လေးရတယ်.
      ပို့ပေးချင်ပါတယ် ညီမလေးရယ်

      Delete
  2. အရမ်းကြိုက်တာ တီတီ...
    ချက်စားဖြစ်အောင်ကို စားဦးမယ် :)

    ReplyDelete
    Replies
    1. ထမင်းထပ်ချက်ရမဲ့နေ့လေ ထမင်းမိန်ဆေးလေးမို့ ချက်စားနော်..

      Delete
  3. သရက်သီးစိမ်းငါးပိချက် ချဉ်ငံစပ်လေးကို အမြင်နဲ့တင် အရသာကို ခန့်မှန်းလို့ရတယ် မာမာရေ။
    တီတင့်လည်း အားကျသွားပြီ လိုက်ချက်အုံးမယ် ဒီဟင်းခွက်နဲ့ဆိုရင် ကျန်တဲ့အသားဟင်းမလိုဘူးး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါတီတင့်ရေ
      မာမာလဲ ငပိချက်လေးချက်တဲ့နေ့ဆို တစ်ခြားဟင်းတွေမလိုဘူးလေ
      ထမင်းလေးနဲ့နယ်ဖတ်ပြီးစားလိုက်တာပါဘဲ ^-^

      လေးစားခင်မင်လျှက်
      မာမာ

      Delete
  4. ဘာရမလဲ ချက်ချင်းကို ချက်စားလိုက်တယ် မမမာ
    မိုးစက်ချက်တာ ငရုတ်သီးတော့ နဲနဲလေးများသွားတယ်း)
    ဒါပေမဲ့ စားကောင်းလိုက်တာ မမမာရယ် ကျေးဇူးပါ
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ငရုတ်သီးများသွားရင် သရက်သီးလေးထပ်ပေါက်ပြီးထဲ့လိုက်ရင်အဆင်ဆပြမယ်ထင်တယ်နော်
      မမမာတော့ ပထမချက်တာကုန်သွားလို့ နောက်နေ့ထပ်ချက်သေးတယ် :)
      စားလို့ကောင်းတယ်ဆိုလို့ ဝမ်းသာပါတယ် မိုးစက်ရေ..

      Delete
  5. သက်သက်လွတ်ဟင်းချက်ချင် ရင် ဘယ်လိုချက် ရမှာ လဲ မမမာ...
    ဟင်းကတကယ်ရှယ်ပဲ
    ကျေးဇူးပါ

    WinLay

    ReplyDelete