Tuesday 29 January 2013

ထောပါတ်ထမင်း

ထောပတ်ထမင်း




သီးစုံဆန်အိုးထဲသို့ ရေ ငရုတ်ကောင်းမှုန့် 
ဆားနှင့်ဟင်းချိုမှုန့်တို့ထဲ့ကာ
ရိုးရိုးထမင်းချက်သလိုဘဲ ထမင်းပေါင်းအိုးနဲ့ ချက်ပေးပါ

ရေခမ်းပြီး ထမင်းနပ်လျှင် ထောပတ်ထမင်း မွှေးမွှေးလေး ရပါပြီ

ဇလုံတစ်လုံးထဲမှာ ကြက်သားကို အရသာ နယ်ထားပါ







ထောပတ်ထမင်းနှင့် စားရန်းကြက်သားဆီပြန်ဟင်း

ထောပတ်ထမင်းမွှေးမွှေးလေး

 ထောပတ်ရနံ့ သင်းပျံ့နေတဲ့ ထောပတ်ထမင်းပွဲ

ဒီနေ့ချက်စားဖြစ်တဲ့ ထောပတ်ထမင်းလေးပါ အမြဲတမ်းမစားဖြစ်ပေမဲ့ တစ်ခါတစ်လေ စိတ်ကူးရရင် ရသလို အရသာ ထမင်းလေးတွေ ချက်စားဖြစ်ပါတယ်။

 ထောပတ်ပါတဲ့အတွက် ကျန်းမာရေးနဲ့ သိပ်မညီညွတ်တဲ့ အစာမို့ တခါတလေလောက်တော့ အပြောင်းအလဲလေးဖြစ်အောင် ဆိုပြီးချက်စားမိပါတယ်။

ကိုယ်နှစ်သက်သလို ချက်တဲ့နေရာမှာလဲ ထမင်းထဲထဲ့တဲ့အစာတွေကို မာမာနှစ်သက်သလိုလေးတွေဘဲ ထဲ့ထားပါတယ်။

သီဟိုစေ့ကတော့ မာမာတို့လဲ သိပ်မကြိုက်တာနဲ့ ထဲ့မထားပါဘူး ထဲ့ချက်ရင်တော့ စိမ့်စိမ့်လေးနဲ့ကောင်းမှာပါ။

ဒါကြောင့်မို့လို့ တစ်ခါတရံ စားလို့ကောင်းတဲ့ ထောပတ်ထမင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ထမင်းချက်ရန် ပါဝင်ပစ္စည်းများ

  1. Basmati ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တလုံး
  3. ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ - သုံးမွှာ
  4. သစ်ဂျပိုးခေါက် - တစ်လက်မ
  5. လေးညှင်း - နှစ်ပွင့်
  6. ဖာလာ - နှစ်ခု
  7. ကရဝေးရွက် - သုံးရွက်
  8. စပျစ်သီးခြောက် -  လက်ဖက်ရည်ပန်းကန် တစ်ဝက်သာသာ
  9. အတုံးလေးများ လှီးထားသော မုံလာဥနီ - လက်ဖက်ရည်ပန်းကန် တစ်လုံး
  10. ထောပတ် - 30 g 
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်(သို့) သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  13. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ခြောက်ဗူး
ကြက်သားဟင်းချက်ရန်
  1. အနေတော် အတုံးလေးများ တုံးထားသော ကြက်သား - ခြောက်ဆယ်သား 
  2. ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ညက်နေအောင် ထောင်းသော ကြက်သွန်ဖြူ - အမွှာကြီးကြီးသုံးမွှာ
  4. နွင်းမှုန့် - လက်ဖက်ရည်ဇွန်း  လေးပုံတစ်ပုံ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း  လေးပုံတစ်ပုံ
  6. ဆား လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  7. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ကရဝေးရွက် - သုံးရွက်
  9. သစ်ဂျပိုးခေါက် - တစ်ခု
  10. လေးညှင်း - နှစ်ပွင့်
  11. နာနတ်ပွင့် - တပွင့်
  12. ဒိန်ချဉ် - ထမင်းစားဇွန်း နှစ်ဇွန်း
  13. ထောပတ် - ထမင်းစားဇွန်းတဇွန်းခွဲ
  14. Chicken curry powder - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  15. ထမင်းအိုး မတည်ခင် ကြက်သားကို အရင်ဆုံး ထောပါတ်နှင့် ဆီမှလွဲပြီး ပါဝင်ပစ္စည်းများထည့်ပြီး အရသာ နယ်ထားပါ
  16. ပြီးတာနဲ့ နာရီဝက်လောက် နှပ်ထားပေးပါ
  17. ဒယ်အိုးတစ်လုံးထဲမှာ ဆီထမင်းစားဇွန်ဒ နှစ်ဇွန်းလောက်ထဲ့ပြီး အပူပေးပါ
  18. ဆီပူလာတာနဲ့ ထောပတ်ခဲကို ထည့်ပေးပြီး အရည်ဖျော်ပေးပါ 
  19. ထောပတ်ခဲ အရည်ပျော်လာပါက အရသာ နယ်ထားသော ကြက်သားကိုထဲ့ကာ မွှေပေးပါ
  20. ကြက်သားများ ထည်ပေးပြီး လေးမိနစ်လောက် ကြက်သားများမာလာတဲ့ထိ ဆီသတ်ပေးပါ
  21. ဆီသတ်နံ့ မွှေးလာပါက ရေမြုပ်အောင်ထဲ့ပြီး ပထမတစ်ရည် ခမ်းအောင်တည်ပေးပါ
  22. ပထမတစ်ရည် ခမ်းသွားပါက နောက်ထပ်ရေ မြုပ်အောင်ထဲ့ပြီး ကြက်သားနူးလာအောင် တည်ပေးပါ
  23. ကြက်သားနူးလာပြီး ရေခမ်းကာ ဆီပြန်လာပါက ကြက်သားဟင်း ရပါပြီ။

ပြင်ဆင်ပုံ

  • ဆန်ကိုရေဆေးပြီး ထမင်းချက်မည့် အိုးထဲမှာ ထည့်ပေးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ထောပတ်ကို ထည့်ပေးပြီး အပူပေးပါ
  • ထောပါတ်များ  ပျော်လာပါက သစ်ဂျပိုးခေါက် ကရဝေးရွက် ဖာလာနှင့်လေးညှင်းပွင့်တို့ကို လေးငါးချက်လောက်
    ဆက်တိုက်မွှေပြီး ဆီသတ်ပေးပါ
  • ပြီးမှကြက်သွန်ဖြူနှင့် ကြက်သွန်နီကို မိနစ်ဝက်လောက် ဆီသတ်ပေးပါ 
  • ပြီးတာနဲ့ မုံလာဥနီနှင့် စပျစ်သီးခြောက် တို့ထဲ့ကာ တမိနစ်လောက် ဆီသတ်ပေးပါ
  • အားလုံးဆီသတ်ပြီးပါက ရေဆေးထားသော ဆန်အိုးထဲသို့ ဆီသတ်ထားသော ပစ္စည်းများ ထဲ့ပေးပါ
  • သီးစုံဆန်အိုးထဲသို့ ရေ ငရုတ်ကောင်းမှုန့် ဆားနှင့်ဟင်းချိုမှုန့်တို့ထဲ့ကာ ရိုးရိုးထမင်းချက်သလိုဘဲ ထမင်းပေါင်းအိုးနဲ့ ချက်ပေးပါ
  • ပေါင်းအိုးခလုတ် တက်လာပြီး ထမင်းကျက်ပါက အရသာမွှေးမွှေးလေးနဲ့ ထောပါတ်ထမင်း အိအိလေးကို ရပါပြီ
  • ကြက်သားဟင်း နှင့် တွဲဖက်ပြီး စားနိုင်အောင် ထောပတ်ထမင်း မွှေးမွှေးလေးကို စားပွဲပြင်ပေးနိုင်ပါပြီ။

8 comments:

  1. အရမ်းကိုဘဲ သွားရေကျမိပါတယ် အစ်မရေ..
    အစ်မနဲ့ တကယ့်ကို အိမ်နီးနီးလေး နေချင်ပါတယ်..
    မုန်တိုင်းစဲသွားပြီပေါ့.. ဝမ်းသာပါတယ် .. ^_^

    ReplyDelete
    Replies
    1. မုန်တိုင်းစဲပေမဲ့ အခြေပြန်မကျသေးလို့ ကွန်မန့်လေးတွေအခုမှဖတ်ပြီးပြန်နေရတယ် ညီမရေ
      လာလည်တဲ့အတွက်ကျေးဇူးပါနော်..

      Delete
  2. စားချင်စဖွယ်ထောပတ်ထမင်းမွှေးမွှေးလေးအားပေးသွားပြီမာမာရေ။
    တီတင့်ဖေ့ဘုတ်မှာဒုက္ခရောက်ပြီးခရီးထွက်သွားတာ
    ၂၅ရက်နေ့ကမှပြန်ရောက်တယ် မာမာရေ။
    လွတ်သွားတဲ့ပို့စ်ဟောင်းတွေပြန်ဖတ်သွားတယ်နော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. တီတင့်ရေ
      မအားတဲ့ကြားကနေလာလာအားပေးတာကိုဘဲ အရမ်းပျော်နေမိပါတယ်
      လေးစားခင်မင်လျှက်
      မာမာ

      Delete
  3. မမမာရေ စားချင်နေတာ အတော်ပဲ
    မမမာ ချက်ထားတဲ့ ထောပတ်ထမင်းမွှေးမွှေးလေးကို အားပေးသွားပါတယ်
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ကျေးဇူးပါ ညီမလေးရေ..

      Delete
  4. စားချင်လိုက်တာ မမမာရေ

    ReplyDelete