Monday 30 June 2014

ကြက်သား ပဲငပိကြော်





ဒီနေ့တော့ ကြက်သားပဲငပိဟင်းလေး ချက်ဖြစ်ပါတယ် ဟင်းကိုနဲနဲနဲ့ကျဲကျဲဝိုင်းထားတာမို့ အရသာကောင်းကောင်းလေးရအောင် မာမာပြင်ဆင်ပြီး ချက်ထားပါတယ်။

ဒီနေ့ချက်နည်းလေးက အလုပ်ရှုပ်သယောင်ထင်ရပေမဲ့ ချက်ရတာတော့အရမ်းလွယ်ပါတယ် ချက်လို့လွယ်ပေမဲ့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် စားလို့တော့ အရမ်းကောင်းပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ရင်ပုံသား  - 150 g
  2. ပဲငပိ - ထမင်းစားဇွန်း သုံးဇွန်း
  3. ကြက်သွန်ဖြူ  -  အမွှာကြီးကြီး ငါးမွှာ
  4. နံနံပင် -  နှစ်သက်သလောက်
  5. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
ပင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ခပ်သေးသေးလေးတွေ တုံးထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်သားနှင့် ဆားလက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်သာသာတို့နဲ့ရောနယ်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ ကြက်သားကို ထည့်ကြော်ပေးပါ 
  • သုံးမိနစ်လောက် ကြော်ပြီးတာနဲ့ ဟင်းပြင်မဲ့ ပန်းကန်ထဲကို ဆယ်ထဲ့ထားပါ
  • ကြက်သားအပေါ်ကို ပဲငပိများ ဖြန့်ပြီးဆမ်းပေးပါ
  • နံနံပင်ကို ပဲငပိ အပေါ်မှာ ဖြန့်ပြီးခင်းပေးပါ
  • ပဲငပိပေါ်ကို ထောင်းထားသော ကြက်သွန်ဖြူ များ ဖြန့်ခင်းပေးပါ
  • အားလုံးပြီးပါက ကြက်သားကြော်ထားသော ဒယ်အိုးထဲမှာရှိတဲ့ ဆီကိုထပ်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ပြင်ထားသော ဟင်ပွဲးထဲသို့ ဖြန့်ပြီးလောင်းချပေးပါ
  • ဆီလောင်းချပေးပြီးပါက အရသာမွှေးမွှေးလေးနဲ့ကြက်သားပဲငပိဟင်းလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment