Saturday 16 August 2014

ကြက်သား ကုန်းဘောင်ကြီးကြော်


ဒီနေ့တော့ ကုန်းဘောင်ကြီးကြော်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ထမင်းမြိန်ရာဟင်းလေးပါဘဲ အသားတွေကြီး သက်သက်ဆိုတာထက် အသီးအရွက်လေးပါတော့ အာဟာရလဲ ပိုပြီးဖြစ်သလို ဟင်းတစ်မယ်ထဲနဲ့ ထမင်းစားလို့ဖြစ်သွားခဲ့တဲ့အတွက် ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ခပ်သေးသေး အတုံးလေးတွေ တုံးထားသောကြက်သား - 150 g
  2. ခပ်သေးသေး အတုံးလေးတွေ တုံးထားသောမုံလာဥနီ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာ
  3. လေးထောင့်အဖတ်လေးတွေ ရအောင်လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. လက်တစ်ဆစ်ခန့်လှီးထားသောကြက်သွန်မိတ် - တစ်ပင်
  6. ထက်ခြမ်းခြမ်းထားသော ဘေဘီပြောင်းဖူး - ငါးဖူး
  7. အကြောသင်ထားသော ရွှေပဲသီး - ဆယ်တောင့်
  8. နုတ်နုတ်စဉ်းထားထေားသောချင်း - လက်တစ်ဆစ်ခန့်
  9. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  10. ငံပြာရည် - ထမင်းစားဇွန်း တစ်၀က်ခန့်
  11. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  12. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  14. ငရုတ်သီး အခြောက်တောင့် - ဆယ်တောင့်ခန့်
ပြင်ဆင်ပုံ
  • ပထမဆုံး အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူတာနဲ့ ငရုတ်သီးတောင့်တွေကို မွှေးသွားအောင်ကြော်ပြီး ဆယ်ထားပေးပါ ထိုဆီထဲမှာ ဘဲကြက်သားကို ထဲ့ကြော်ပေးပါ
  • ကြက်သားကို သုံးမိနစ်လောက် ကြော်ပြီးတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ရေခမ်းသွားတာနဲ့ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းတို့ကို တစ်မိနစ်လောက် ထဲ့မွှေပေးပါ
  • ပြီးတာနဲ့ မုံလာဥနီကိုထဲ့ပြီး တစ်မိနစ်လောက် ထဲ့ကြော်ပါ
  • ကြက်သွန်မိတ် ဘေဘီပြောင်းဖူး ရွှေပဲသီး ငရုတ်သီးခြောက်ကြော်တို့ထဲ့ပြီးတာနဲ့ ဆား ငံပြာရည် သကြား ပဲငံပြာရည်တို့ကို တစ်ခါထဲ ဆက်တိုက်ထဲ့ပြီး မွှေပေးပါ
  • ကြက်သွန်များ နွမ်းမသွားအောင် မြန်မြန်ကြော်ပြီး မီးပိတ်ကာ အရသာမြည်းပြီး ပန်းကန်ထဲပြောင်းထဲ့ပေးပါ
  • ထမင်းပူပူလေးနှင့် အရသာရှိစွာ သုံးဆောင်နိုင်သော ကုန်းဘောင်ကြီးကြော် ရပါပြီ။

No comments:

Post a Comment