Monday 20 October 2014

ဘေဘီ ဘလိုကိုလီကြော်



ဒီနေ့တော့ သတ်သတ်လွတ် ဘေဘီဘရိုကိုလီ ကြော်ပါတယ် လတ်လတ်ဆတ်ဆတ် စိမ်းစိမ်းစိုစိုလေးမို့ စားလို့လဲ အရမ်းကောင်းပါတယ် အသားငါး စိမ်းစိမ်းစိုစိုတွေ မစားတဲ့ သမီးလေးအတွက်မို့ မာမာ့ရဲ့စိတ်ကူးနဲ့ ချက်ခဲ့တဲ့ ဟင်းလေးတစ်မျိုးပါ။

မာမာ့သမီးလေးကတော့ မာမာချက်သမျှ သတ်သတ်လွတ်ဟင်းလေးတွေက သူ့အဖို့တော့ နတ်သုဒ္ဓါဟင်းလေးတွေမို့ ချက်ပြုပ်ကျွေးရတဲ့ ဟင်းလေးတွေအတွက် မာမာ့ပီတိလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရေစင်အောင် ဆေးထားသော ဘေဘီဘလိုကိုလီ - ခွန်နှစ်ပင်
  2. ဆီ ထမင်းစားဇွန်း - နှစ်ဇွန်း
  3. နနွင်းမှုန့်-  လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  5. အရသာမှုန့်-  လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - လေးမွှာ
  7. ရေ - အနည်းငယ်
  8. ငရုတ်ကောင်းမှုန့်-  လက်ဖက်ရည်ဇွန်း တစ်ဝက်



ဆီကိုအပူပေးပြီးနနွင်းမှုန့်ထဲ့ကာ 
ကြက်သွန်ဖြူကို ညိုလာတဲ့ထိကြော်ပေးပါ


ကြက်သွန်ဖြူညိုလာတာနဲ့ ဘေဘီဘလိုကိုလီ 
ဆားနဲ့ အရသာမှုန့်ထဲ့ပြီး ကြော်ပေးပါ


မိနစ်ဝက်လောက်ကြော်ပြီးတာနဲ့ရေထဲ့ပြီး
 ရေပွက်ပွက်ဆူလာအောင် တည်ပေးပါ

ရေခမ်းပြီဆိုတာနဲ့ ငရုတ်ကောင်းမှုန့်ဖြူးကာ 
စားသုံးနိုင်ပါပြီ

5 comments:

  1. အိမ်မှာလဲ မကြာခဏကြော်စားဖြစ်တယ် မာမာရေ...

    ReplyDelete
  2. စားချင်စဖွယ် ကြော်ထားပုံလေးက

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  3. စားလို့ကောင်းတယ်နော် တီတင့်ရေ
    အိမ်မှာတော့ သမီးရဲ့ ဖေးဖရိတ်ဟင်းလေးလေ :-D

    ReplyDelete
  4. အားတဲ့အခါ ကြော်စားကြည့်နော်
    စားလို့ကောင်းတယ် စံပယ်ချိုရေ :-D

    ReplyDelete