Friday 23 January 2015

ကြက်သား ဆီချက်ခေါက်ဆွဲ


ဒီတံဆိပ်ခေါက်ဆွဲကို သုံးပါတယ်

ကြက်သားကိုပြုပ်ပြီး အအေးခံကာ 
ခပ်သေးသေးလှီးပေးပါ

ကြက်ရိုးဟင်းခါးလေး ပြင်ပြီး သုံးဆောင်နိုင်ပါပြီ


ဒီနေ့လုပ်စားဖြစ်တဲ့ ဆီချက်ခေါက်ဆွဲလေးပါ တရုတ်အမဲ မစားတဲ့အတွက် ကြက်သားလေးနဲ့ဘဲ လုပ်စားဖြစ်ပါတယ် ထမင်းလွတ် စားမှာမို့ ၃ယောက်စာကို ခေါက်ဆွဲတစ်ထုတ် ပြုပ်ပြီး ပြင်လိုက်ပါတယ်။

ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 150 gေ
  2. ေခါက္ဆြဲ - 200 g
  3. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ္ဗူးသာသာ
  4. နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
  5. ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၃ဇွန်း
  6. ကင်းမွန်ငံပြာရည် - လဖက်ရည် အကြမ်းပန်းကန် တလုံး
  7. အရသာမှုန့် - အနည်းငယ်ဲ
  8. ေျမပဲ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ္ဗူး
  9. ကြက်သွန်မိတ် - အနည်းငယ်
  10. နာနတ်ပွင့် - တပွင့်
  11. ဆား - လက်ဖက်ရယ်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ဆားနှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး နာနတ်ပွင့် ည့်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • ကြက်သားကျက်သွားပါက ခပ်သေးသေးမွမွလေးတွေ လွီးထားပါ
  • ခေါက်ဆွဲကို ရေနွေးဆူဆူမှာ နူးအောင်ပြုပ်ပေးပြီး ရေနွေးကို ဇကာထဲသြန္ခ်ျပီး ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
  • မြေပဲကိုလှော်ပြီး အခြံခြ်တ္ကာ မညက်တညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ကြော်ပြီးသားကို မညက်တညက် ချေထားပါ (လဖက်ထဲထည့်တဲ့ ကြက်သွန်ဖြူဆိုရင် ပိုကောင်းပါတယ် )
  • ဆီကို အပူပေးပြီး ဆီပူလာပါက မီးကိုလျှော့လိုက်ပြီး နှမ်းကိုထည့်ကြော်လိုက်ပါ ထည့်ကြော်ပြီးတာနဲ့ မီးဖိုပေါ်က ချပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေး လွီးထားပါ
  • ငံပြာရည်နှင့် အရသာမှုန့်ကို အဆင်သင့် ပြင်ထားပါ
တပွဲစာပြင်ရန်
  • ပြုပ်ထားသော ခေါက်ဆွဲကို တပွဲစာယူပြီး ဇကာထဲထည့်ကာ ရေနွေးထဲ ခနလေးစိမ်ပြီး ပြန်ဆည်ကာ ရေစစ်ပြီး ပန်းကန်ထဲထည့်ပေးပါ
  • ကြက်သားထမင်းစားဇွန်း တဇွန်း အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မြေပဲမှုန့် ထမင်းစားဇွန်း တဇွန်း ဆီချက် ထမ်းစားဇွန်း တဇွန်းခွဲ ငံပြာရည် လက်ဖက်ရယ်ဇွန် တ၀က္သာသာ ကြက်သွန်ဖြူဆီချက် လက်ဖက်ရည်ဇွန်း တဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ ကြက်ရိုးဟင်းခါး ကြက်သွန်ချဉ်လေးတို့ နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

1 comment:

  1. ဆီချက်ခေါက်ဆွဲ အားပေးသွားပြီ မာမာရေ...
    တီတင့်လဲ အလုပ်ရှုပ်နေလို့ ဘလော့ဖက်မလှည့်နိုင်ဖြစ်နေတယ်။

    ReplyDelete