Saturday 18 April 2015

ပြည်ကြီးငါးဆီပြန်



ပြည်ကြီးငါးကို အမျိုးမျိုးလုပ်စားကြတဲ့အထဲက ဒီနေ့တော့ အချဉ်ဆီပြန်လေး ချက်ဖြစ်ပါတယ် အချဉ်အရသာပါတော့ ထမင်းစားရတာ ပိုပြီးမိန်စေပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေစင်အောင်ဆေးပြီး လက်တလုံးစာအနေတော် လှီးထားသော ပြည်ကြီးငါး - 300g
  • ခပ်နုတ်နုတ်စဉ်းထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး ၃လုံး
  • ခပ်နုတ်နုတ်စဉ်းထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ခပ်နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂ မွှာ
  • ညက်ညက်ထောင်းထားသော ချင်း - လက်တဆစ်ခန့်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်းတဇွန်း
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် ထမင်းစားဇွန်း တဇွန်း
  • မဆလာ လက်ဖက်ရည်ဇွန်း တ၀က်
ဟင်းချက်နည်း
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ကိုထည့်ပါ
  • နနွင်းမှုန့်ထည့်ပြီးတာနဲ့ ကြက်သွန်အဖြူ အနီ ချင်း ငရုတ်သီးအရောင်တင်မှုန့်တို့ကိုထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ ခရမ်းချဉ်သီးကိုထည့်ပြီး ကျေအောင်မွှေပေးပါ
  • ခရမ်းချဉ်သီး ကျေသွားတာနဲ့ ပြည်ကြီးငါး ဆား အရသာမှုန့် ငံပြာရည်တို့တခါထဲထည့်မွှေပေးပြီး ၄မိနစ်လောက်ဘဲချက်ပေးပါ
  • ဆီပြန်တာနဲ့ မဆလာအုပ်ပြီး အရသာမြည်းပြီး စားသုံးနိုင်ပါပြီ။





No comments:

Post a Comment