Friday 1 May 2015

ရွှေဖရုံစေ့ကြော်





ဒီနေ့တော့ ဟင်းချက်ရင်း စိတ်ကူးရလို့ ကြော်စားဖြစ်သွားတဲ့ ရွှေဖရုံစေ့လေးတွေ ကြော်ပါတယ် တစ်ခါတစ်လေ အမှတ်မထင် အသုံးမ၀င်ပါဘူးဆိုပြီး လွှင့်ပြစ်လိုက်မိတတ်ပါတယ် မာမာကတော့ ရွှေဖရုံသီးဆို အသားရောအစေ့ပါ ကြိုက်တာမို့ ရွှေဖရုံစေ့ကို အမြဲတမ်း ကြော်စားတတ်ပါတယ်။

ကြော်ရတာ အရမ်းလွယ်ပေမဲ့ အကြော်မတတ်ရင် အစေ့လေးတွေ ကျက်ခါနီးရင် ဆီပေါက်တတ်ပါတယ်
ဒါကြောင့်မို့လို့ ဆီမပေါက်ရလေအောင် ကြော်တယ်ဆိုပြီတော့း ပြောပေမဲ့ ရေအနည်းငယ်တော့ ထည့်ပေးရပါတယ်။
ပါဝင်ပစ္စည်းများ

  1. သန့်စင်အောင် ရေဆးပေးထားသော ရွှေဖရုံစေ့ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးစာ
  2. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  3. ဆား  - အနည်းငယ်
  4. ရေ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  • အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ
  • ဆီပူလာပါက မီးကိုအနည်းငယ် ထပ်လျော့ပေးပါ
  • ပြီးတာနဲ့ ရွှေဖရုံစေ့များကို ထည့်ပေးပြီး ဆားနှင့်ရေပါ တစ်ခါထဲထည့်ပါ
  • ရေခမ်းပြီး ရွှေဖရုံစေ့များ ခပ်ဖောင်းဖောင်း အနေထားလေး ရပြီဆိုရင် မီးပိတ်ပြီး လက်ကျန်အပူရှိန်ဖြင့် ကြွတ်ရွလာအောင် ဆက်ကြော်ပေးပါ
  • ကြွတ်ရွလာပြီဆို ဆယ်ပြီးဆီစစ်ကာ ဆီခြောက်အောင်လုပ်ပေးပြီး စားနိုင်ပါပြီ။

No comments:

Post a Comment