Thursday 14 May 2015

ကိုရီးယား ဘာဘီကျူးအနှစ်လူး ပုဇွန်ကင်



ပုဇွန်ကြား

အမြှီးချန်ပြီး အခွံခွာ ခေါင်းဖြုတ် 
အစာလမ်းကြောင်း ဖယ်ထားသောပုဇွန်

Spicy b b q mannade အနှစ်

ပုဇွန်ကို ဆီ ကြက်သွန်မိတ် Spicy b b q 
အနှစ်တို့နဲ့ နယ်ပေးထားပါ

အရသာနယ်ပြီး အနည်းဆုံး မိနစ်၂၀လောက် 
နှပ်ထားပေးပါ
Grill pan နှင့်၃မိနစ်လောက် ကင်ချက်လေး 
ချက်ပေးပါ

အသားဟင်း ချက်တယ်လို့ ပြောလိုက်ရင် မသိမသာလေး မျက်နှာပျက်သွားတတ်တဲ့ သမီးအတွက် သူစားတတ်တဲ့ အသီးအနှံက ရှားပါးလွန်းတဲ့ နိုင်ငံမှာ မနက်အိပ်ယာက နိုးတာနဲ့ သူ့အတွက် ဘာလေးချက်ပေးရင် ကောင်းမလဲ အသားလေးတော့ စားပါဟဲ့ဆိုပြီး ချော့မော့ကျွေးရတာလဲ အလုပ်တခုလိုပါဘဲ။

ဒီနေ့တော့ သူစားပါစေတော့ရယ်ဆိုပြီး ပုဇွန်ဟင်းလေး ချက်လိုက်ပါတယ် ပုဇွန်ဆိုရင် သူတခါတရံ စားတတ်တာမို့ ဒီနေ့တော့ ကိုရီးယားဘာဘီကျူး ဟင်းအနှစ်ဆော့နဲ့နယ်ဖတ်ကာ Grill panနဲ့ ကင်ချက်လေး ချက်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ




  1. ပုဇွန်ကြား - 500 g
  2. Spicy B b q အနှစ် - ထမင်းစားဇွန်း ၃ဇွန်း
  3. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (ပုဇွန်အရသာနယ်ထဲ ထည့်ရန် )
  4. ကြက်သွန်မိတ် - ၂ပင်
  5. ဆီ - အနည်းငယ် (ဟင်းချက်ရာတွင် သုံးရန်)
ပြင်ဆင်ပုံ
  • ပုဇွန်များကို အမြှီးချန်ထားပြီး ခေါင်းဖြုတ် အခွံခွာ ကြောမှ အမဲကြောင်းထုတ်ကာ သန့်စင်ထားပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်စောင်းစောင်းလေးများ လှီးထားပေးပါ
  • ပန်းကန်တခုထဲထည့်ပြီး ဆီ ကြက်သွန်မိတ် Spicy b b q ဟင်းအနှစ်တို့ထည့်ပြီး အားလုံးကို နယ်ပေးကာ အနည်းဆုံး မိနစ်၂၀ လောက် နှပ်ထားပေးပါ
  • Grill Panကို အပူပေးပြီး ဆီအနည်းငယ်ထဲ့ကာ နှပ်ထားသောပုဇွန်များကို ထည့်ပြီးချက်ပေးပါ
  • ပုဇွန်အကွေး ငါးအနွေးမို့ ဟိုဘက်ဒီဘက် လှန်ပေးကာ ၃မိနစ်လောက် ချက်ပေးပြီးရင် ရပါပြီ။

No comments:

Post a Comment