Monday 11 May 2015

ပုဇွန်ကင်


ဒီနေ့တော့ ပုဇွန်ထုတ်လေးတွေကို အရသာမှုန့် ဆား ကြက်သွန်ဖြူအရည် Lemon Pepper, Parsley Flakesတို့နှင့် အရသာနယ်ပြီး Grill pan နဲ့ ကင်ကာ ဟင်းတမယ် လုပ်ထားပါတယ် သိပ်ပြီးရိုးရှင်းလွန်းပေမဲ့ ရေချိုပုဇွန်တွေက ကင်ပြီးစားရတာ အရသာကောင်းပါတယ် ရေငံပုဇွန်တွေက အရသာနည်းပြီး အနံ့ထွက်တတ်ပါတယ် အခုလို အရသာတွေနဲ့ နယ်ပြီးနှပ်ထားမှ ရေငံပုဇွန်အနံ့ ပျောက်ပြီး အရသာကောင်းပါတယ်။
ပါဝင်ပစ္စည်းများ

  • Banana Prawns. - 300g
  • Lemon Pepper - လက်ဖက်ဇွန်း တဇွန်းမောက်မောက်
  • Parsley Flakes - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • အခွံခွာပြီး ထောင်းကာ အရည်ညှစ်ယူထားသော ကြက်သွန်ဖြူ အမွှာကြီးကြီး - ၅မွှာ
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ပုံ
  • ပုဇွန်ကို အရသာနည်ပြီးနှပ်ထားပါ
  • Grill Panကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာပါက ပုဇွန်ကို တကောင်ခြင်းထည့်ပြီး အိုးဆန့်သလောက်ထည့်ကာ ကင်ပေးပါ
  • အောက်ဖက်ပိုင်းမှ မွှေးပြီး ပုဇွန်အရောင်ပြောင်းလာပါက တဖက်ကိုလှန်ပြီး ကင်ပေးပါ
  • ပုဇွန်အကွေး ငါးအနွေးမို့ အကြာကြီး ကင်စရာမလိုဘဲ ၃မိနစ်လောက် ပျမ်းမျှကင်ပေးရင်ရပါပြီ
  • ပုဇွန်ကင်ပူပူလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

ပုဇွန်ကိုရေဆေးပြီး ဆား အရသာမှုန့် ကြက်သွန်ဖြူအရည် Lemon Pepper ,Parsley Flakes တို့နှင့်
အရသာနည်ပြီး ဆယ့်ငါးမိနစ်လောက် နှပ်ထားပေးပါ

Grill pan ထဲ ဆီအနည်းငယ်ထည့်ပြီး ကင်ပေးထားပါတယ်

No comments:

Post a Comment