Thursday 4 June 2015

အလှူငါးပိချက် စပ်စပ်လေး







ဒီနေ့တော့ အလှူငါးပိချက်လေး ချက်ပါတယ် ထမင်းစားမိန်ဖို့ရာ ရာသီဥတု အေးအေးလေးမှာ ချက်ဖြစ်တဲ့ ငါးပိချက်လေးပါ။

အလှူမှာ ဆိုရင်တော့ ငပိချက် ၁၂မျိုးဟင်းချို နဲ့ပဲတီချဉ်တို့စရာသာပါရင် အသားဟင်းတောင် မလိုတဲ့ ဟင်းအရံတမျိုးပါ စားချင်စိတ်လေး ပေါ်လာရင် ချက်ကြည့်ရအောင် မာမာချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခြောက် - အကောင်ကြီးကြီး လက်ဖက်ရည်အကြမ်း ပန်းကန်တစ်လုံး
  2. ကြက်သွန်နီ - ခပ်ကြီးကြီး ၅လုံး
  3. ငရုတ်သီး - လုံးခြမ်းကွဲ လက်ဖက်ရည် ပန်းကန်အသေး တစ်လုံး
  4. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံး
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငံပြာရည် - ထမင်းစားဇွန်း လေးဇွန်း
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

  • ပုဇွန်ခြောက်ကို ရေနာရီဝက်လောက် စိမ်ထားပြီးမှ ညက်နေအောင် ထောင်းပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားပါ။
  • အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ။
  • အိုးပူလာပါက ဆီထည့် နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ။
  • ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ဆီကိုလက်ဖက်ရည် ပန်းကန် တလုံးစာလောက် ခပ်ယူထားပြီးမှ ငရုတ်သီးမှုန့်ကိုထည့်ကာ ၂မိနစ်လောက် ကြော်လိုက်ပါ။
  • ငရုတ်သီးနံ့မွှေးလာပါက ပုဇွန်ခြောက်ထောင်း ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ
  • အိုးမကပ်စေအောင် မကြာမကြာ မွှေပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ဆီခြောက်လာတဲ့အထိ ကြော်ပေးပြီး အလှူငါးပိချက် စပ်စပ်လေးကို တို့စရာ အစုံအလင်နှင့် ပြင်ပေးနိုင်ပါပြီ။

5 comments:

  1. အရမ်းကြိုက်တာပဲ မစားရတာကြာပြီ

    ReplyDelete
  2. ချက်နည်းလွယ်ပြီး စားလို့ကောင်းတယ်နော်
    အားရင် ချက်ကြည့်နော်

    ReplyDelete
  3. ​ကျေးဇူးပါ​နော်​... အမြဲဝင်​ဖတ်​ခွင့်​ရလို့ ​ကျေးဇူးပါရှင့်​..

    ReplyDelete
  4. ဘလော့ဆီ လာလည်လို့ အန်တီကလဲ ကျေးဇူးတင်ပါတယ် nyein yu ရေ

    ReplyDelete
  5. စားချင်လိုက်တာမမာရယ်။
    အားလုံးလိုက်ဖက်နေတယ်။
    ဒညင်းသီးက ၀ယ်လို့ ရသလားမမာ။ ပုလင်းနဲ့ လာတဲ့ဟာတော့ဟုတ်ဘူးထင်တယ်နော်။
    အိုင်အိုရာ

    ReplyDelete