Wednesday 12 August 2015

ပုဇွန်ဖက်ထုတ်ဆီချက်



Ready made အထုတ်ကို သုံးထားပါတယ်

ပုဇွန်အရသာ နယ်ပြီးပြင်ထားပါ

ဖက်ထုတ်အရွက်

ပုဇွန်ကိုထည့်ပြီး အနားများကို ရေစွတ်ပါ

အားလုံးခေါက်ပြီးပါပြီ

ဖက်ထုတ်ဆီချက် ရပါပြီ

ဒီနေ့တော့ ဖက်ထုတ်ဆီချက်လေး လုပ်စားဖြစ်လို့ ဘလော့က မိတ်ဆွေအတွက် လာပို့ပါတယ် အရင်တုန်းကလို ကြက်သားနဲ့အစာမလုပ်ဘဲ ပုဇွန်ထုတ်နဲ့လုပ်ထားပါတယ် အပြင်က ဖက်ထုတ်အရွက်ကိုတော့ ready made နဲ့ဘဲ လုပ်ထားပါတယ်။

ပုဇွန်ခြည်းသက်သက် စားရတာထက်စာရင် အရသာလေး တမျိုးပြောင်းစေတဲ့အတွက် စားရတာအရသာ တော်တော်ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - 300 gကို အခွံခွာပြီး ခေါင်းဖြုတ် အမဲကြောင်း ထုတ်ကာ နုတ်နုတ်စင်းထားပါ
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. နှမ်းဆီ - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ပြောင်းကော်မှုန့်- cornflour ထမင်းစားဇွန်း ၂ဇွန်းတို့ကို အားလုံးရောပြီး နယ်ထားပါ
  8. ကြက်သွန်မိတ် - အနည်းငယ်
  9. ဖက်ထုတ်အရွက် - အရွက် ၂၀

ဆီချက်ချက်ရန်
  • ဆီ - လက်ဖက်ရည် ပန်းကန်လုံး တစ်လုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ကြက်သွန်ဖြူ - ၁၀မွှာကို မညက်တညက်ထောင်းပြီး ဆီချက်ချက်ထားပါ
ဖက်ထုတ်ထုပ်ရန်
  • ပထမဆုံး ဖက်ထုတ်ရွက်ကိုခင်းပြီး အရသာနယ်ထားသော ပုဇွန်ကို လက်ဖက်ရည်ဇွန်းနှင့် တဇွန်းစာထည့်ပေးပါ
  • ဒုတိယအဆင့် အနားများကို ရေသုပ်ပေးပြီး တ၀က်ချိုးခေါက်ချကာ အနားများကို ဖိပြီး ကပ်ပေးပါ
  • တတိယအဆင့် အနား၂ဖက်ကို ရေစွတ်ပြီး ကွေးကွေးလေးယူကာ ဖိပြီး ဆက်ပေးပါ
  • ထိုနည်းအတိုင်း ဖက်ထုတ်ရွက် ကုန်အောင် ထုပ်ပေးပါ
ဖက်ထုတ်ပြုပ်ရန်
  • ရေပွက်ပွက်ဆူနေသော အိုးထဲသို့ ဖက်ထုပ်အထုပ်လေးများထည့်ပြီး ၅မိနစ်ကေ့်ျကျော်လောက် ပြုပ်ပေးပြီး ဆယ်ထားပေးပါ
  • ပူနေတုန်း ပန်းကန်တလုံးထဲထည့်ပြီး စားပွဲပြင်ကာ လိုအပ်သည်များ ထည့်ပေးပါ
စားပွဲပြင်ရန်
  • ပဲငံပြာရည် ထမင်းစားဇွန်း တ၀က်
  • ပဲငံပြာရည်အကြည် ထမင်းစားဇွန်း တ၀က်
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ပြုပ်ထားသော ဖက်ထုတ်၁၀ခု
  • ဆီချက် ထမင်းစားဇွန်း တဇွန်းခွဲ
  • ကြက်သွန်မိတ် အနည်းငယ်တို့ထည့်မွှေပေးပြီးပါက ဖက်ထုပ်ဆီချက် မွှေးမွှေးလေးရပါပြီ။

2 comments:

  1. ဖက်ထုတ်တော့လူပ်စားဖြစ်တယ် ဖက်ထုတ်ဆီကျက်တော့တခါမှမလုပ်စားဖူးဘူး အားတဲ့ရက်မှ
    လက်စွမ်းပြလိုက်မယ်

    ReplyDelete
  2. လုပ်စားကြည့်နော် စံပယ်ချိုရေ
    အိမ်က သမီးကတော့ အရမ်းကြိုက်​တယ်

    ReplyDelete