Thursday 24 September 2015

ဆယ်လ်မွန်ငါးပေါင်း


ဟင်းပေါင်းထုတ်လေး စားချင်နေတာ ငှက်ပျောဖက်မရှိတော့ မစားရဘူးဖြစ်နေတာ ကြာခဲ့ပါပြီ ဒီနေ့တော့ ကိုယ့်စိတ်ကူးနဲ့ကို စားချင်လာရင် ရအောင်လုပ်တတ်တဲ့ စိတ်တခုနဲ့ ကြံကြံဖန်ဖန်လေး လုပ်လိုက်တာ တကဲ့ဟင်းပေါင်းထုတ် အစစ်အတိုင်း အရသာရလို့ မျှဝေပေးလိုက်ပါတယ်။

ဟင်းပေါင်းထုတ်ထဲ ထည့်ချင်တဲ့ ပစ္စည်းလေးတွေ အရသာလေးတွေထည့်ပြီး ရေနွှေးဆူဆူမှာ မိနစ်၂၀လောက် ပေါင်းပေးရင် ရနိုင်တာမို့ ငှက်ပျောရွက် မလိုတဲ့ ဟင်းပေါင်းထုတ် လုပ်နည်းလေးပါ။


ပါဝင်ပစ္စည်းများ (ဟင်းပေါင်းထုတ် ၈ခုစာ)

  1. လက်၂လုံးအရွယ်လှီးထားသော ဆယ်လ်မွန်ငါး - ၈ခု
  2. ကြက်သွန်မိတ် -  အပင် ၁၅ပင်
  3. Shiitake Mushrooms - ၈ပွင့်
  4. Black Fungus - ၁၅ပွင့်
  5. Dired Bean Curd Stick - ၁၂လက်မအရွယ် တစ်ေချာင်း
  6. Cherry Tomato  - ၈လုံး
  7. ဆန်အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်ခွဲ
  8. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းသာသာ

ပြင်ဆင်ပုံ
  • ဆယ်လ်မွန်ငါးကို ရေဆေးပြီး အတုံးလေးများ တုံးထားပါ
  • ကြက်သွန်မိတ်ပင်များကို ရေဆေးပြီး လက်တဆစ်အနေ လှီးထားပါ
  • Shiitake Mushrooms ကို ရေတနာရီလောက်စိမ်ထားပြီး ခပ်ပါးပါး လှီးထားပါ
  • Black Fungus ကို ရေတနာရီလောက်စိမ်ထားပြီး ခပ်ပါးပါး လှီးထားပါ
  • Dired Bean Curd Stick ကို ရေတနာရီလောက် စိမ်ထားပြီး ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲထည့်ပေးပါ
  • ဆန်မှုန့် ဆား အရသာမှုန့် ဆီတို့ထည့်ကာ အားလုံးသမအောင်မွှေပေးပါ
  • ပေါင်းမည့်ပန်းကန်များကို ဆီသုပ်ပေးကာ ပန်းကန်အောက်ခြေမှာ ဆယ်လ်မွန်ငါးနှင့် ချယ်ရီတိုမားတိုးကို ထည့်ပါ
  • ငါးအပေါ်မှ အရသာစပ်ထားသော အစာများကို ဖိသိပ်ထည့်ပေးပါ
  • အဆင်သင့်ဖြစ်ပါက ပေါင်းအိုးဇကာထဲ စီပြီးထည့်ပေးကာ အောက်ခံရေအိုး ပွက်ပွက်ဆူမှ ပေါင်းဇကာကိုတင်ပြီး မိနစ်၂၀ခန့် ပေါင်းပေးပါ
  • ကျက်တာနဲ့ ပန်းပန်တခုထဲ မှောက်ချကာ ငရုတ်သီးကြက်သွန်ဖြူဆီချက်ဆမ်းပြီး နံနံပင်နှင့်တွဲဖက်ကာ အရသာရှိသော ဆယ်လ်မွန်ဟင်းထုတ်ကို စားနိုင်ပါပြီ။
ကြက်သွန်ဖြူ ငရုတ်သီး ဆီချက်ချက်ရန်
  • ကြက်သွန်ဖြူ အမွှာကြီးကြီး ၁၀မွှာကို အခွံခွာပြီး ရေဆေးကာ မညက်တညက်ထောင်းထားပါ
  • ဆီ လက်ဖက်ရည် ပန်းကန်လုံး တလုံးခန့်ကို အပူပေးပြီး နနွင်းမှုန့် အနည်းငယ်ထည့်ကာ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ ကြွတ်လာတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်မှချကာ ငရုတ်သီး အရောင်တင်မှုန့်ကို ထည့်မွှေပြီး ကြက်သွန်ဖတ်များကို ဆယ်ပြီး အအေးခံထားပါ

No comments:

Post a Comment