Sunday 11 October 2015

ငံပြာရည်ချက် စပ်စပ်လေး



မာမာအခုရက်ထဲ ဟင်းလေးတွေမချက်ဖြစ်တာ တော်တော်ကြာသွားခဲ့ပါတယ် ဒီနေ့တော့စိတ်ထဲမှာ စားချင်တဲ့ဟင်းလေးကို ချက်ဖြစ်ခဲ့ပါတယ် ထမင်းကောင်းကောင်း  မစားချင်ခဲ့တဲ့ ရက်တွေအတွက် ခံတွင်းလိုက်စေမဲ့ အရံဟင်းလေးပါ။


ချဉ်ငံစပ်ဆိုရင် ထမင်းစားရတာ မိန်စေတဲ့အတွက် ဒီနေ့အတွက် ငံပြာရည်ချက်လေးတမယ် ချက်လိုက်ပါတယ် တစ်ကယ်လဲ ထမင်းစားလို့မိန်ခဲ့ပါတယ် ထမင်းမိန်မိန်စားချင်လို့ ချက်စားကြည့်မယ်ဆိုရင် ချက်ရလွယ်တဲ့ ငံပြာရည်ချက် ချက်နည်းလေးကို မျှဝေလုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရေစိမ်ပြီးမညက်တညက် ထောင်းထားသော ပုဇွန်ခြောက်အကောင်ကြီးကြီး - လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးခွဲ
  2. ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်းခွဲ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  7. ပါးပါးလှီးထားသောကြက်သွန်နီ - ကြီးကြီး တစ်လုံး
  8. အနေတော်စိတ်ထာသော ကြက်သွန်ဖြူ - ငါးမွှာ

ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး မီးအနေတော်နှင့် အပူပေးပါ။
  • ဆီပူလာပါက ကြက်သွန်နီကို ပျော့သွားတဲ့ထိ ကြော်ပေးပါ။
  • ကြက်သွန်နီပျော့ပြီး မွှေးလာပါက ငရုတ်သီးမှုန့်ကိုထဲ့ပြီး  မွှေးလာတဲ့အထိ ကြော်ပေးပါ။
  • ငရုတ်သီးမှုန့်မွှေးလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကိုထဲ့ပြီး နှစ်မိနစ်လောက် မွှေပေးပါ။
  • ပြီးတာနဲ့ ငံပြာရည်ကိုထဲ့ပြီး မွှေပေးပါ။
  • ငံပြာရည်နံ့ သင်းလာပါကရေ မြုပ်အောင်ထဲ့ပြီး အရသာမှုန့်ထဲ့ကာ ရေဆူပြီး ရေခမ်းတဲ့အထိ တည်ပေးပါ။
  • ရေခမ်းပြီး ဆီပြန်သွားပါ အရသာမြည်းကာ လိုသလို ပြင်ပေးပါ။
  • ပြီးတာနဲ့ ထမင်းမိန်စေမဲ့ ငံပြာရည်ကြော် စပ်စပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment