Sunday 1 November 2015

ဗူးင်္သး ချဉ်ရည်ဟင်း



မြန်မာဟင်းလေးတွေကိုမှ နှစ်သက်တဲ့ သူတွေအတွက် ထမင်းစားလို့ မြိန်စေမဲ့ ဗူးသီးချဉ်ရည်ဟင်းလေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဗူးသီး - လှီးပြီးသား ဟင်းပြင်ပန်းကန် ၃လုံးစာ
  2. ပန်းဂေါ်ဖီ - လှီးပြီးသား ဟင်းပြင်ပန်းကန် တစ်လုံးစာ
  3. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၄လုံး
  4. ပုဇွန်ထုတ် - ၅ကောင်
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ -၂မွှာ
  7. ချင်း - လက်တဆစ် မရှိတစ်ရှိ
  8. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  11. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀စ်က်သာသာ
  13. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  14. ဆီ - ထမင်းစားဇွန်း ၂ဇွန်း

ပြင်ဆင်ပုံ
  1. ဗူးသီးကို အခွံခွာကာ ရေဆေးပြီးမှ လှီးပေးပါ
  2. ပန်းဂေါ်ဖီကို အခက်လိုက် ရေဆေးပြီးမှ အနေတော် လှီးပေးထားပါ
  3. ခရမ်းချဉ်သီးကို ခပ်ပါးပါးလှီးထားပါ
  4. ချင်း ကြက်သွန်ဖြူ ကြက်သွန်နီကို ငရုတ်သီးမှုန့်နှင့် ရောပြီးထောင်းပေးပါ
  5. မန်ကျည်းသီးမှည့်ကို ရေစိမ်ထားပါ
  6. ပုဇွန်ကို အခွံခွာပြီး ကြောဖက်မှ အမည်းကြောင်း ထုတ်ကာ ထက်ခြမ်း ခြမ်းပေးထားပါ
  7. ဇောက်နက်သော အိုးတလုံးထဲမှာ ဗူးသီး ပန်းဂေါ်ဖီ ပုဇွန် ခရမ်းချဉ်သီး ဆား ငံပြာရည် ငရုတ်သီးထောင်း ဆီ အချိုမှုန့်တို့ကို ရောပြီး နယ်ပေးပါ
  8. အရသာ နယ်ထားသော အိုးထဲသို့ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
  9. ရေဆူလာပြီး အသီးများ အိလာပါက ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး ၂လုံးခွဲစာထည့်ပြီး ဆူအောင်တည်ပါ
  10. ရေဆူလာတာနဲ့ မကျည်းမှည့်ရည် ထည့်ပြီး နှစ်မိနစ်လောက် ရေဆူစေ၍ အရသာမြည်းကာ စားရန်ပြင်နိုင်ပါပြီ။

1 comment:

  1. စားချင်လိုက်တာ အစ်မရေ ....
    သွားရေကျသွားပါတယ်နော် .... ^___^

    ReplyDelete