Monday 23 November 2015

စလဇေီးယို





နွေရာသီ ရောက်လာပြီဆိုတော့ အစားအသောက်က ပျက်ချင်လာသလိုလို ဖြစ်လာခဲ့တယ်ပေါ့နော် အဲဒါနဲ့ နေ့လည်နေ့ခင်း အပျင်းပြေလေး စားရအောင် မြန်မာပြည်က ယူလာတဲ့ စလေဇီးသီး အခြောက်လေးတွေကို ဇီးယိုထိုးဖြစ်သွားပါတယ်။

မာမာတို့၉တန်း ၁၀တန်းလောက်က အိမ်မှာ ယိုမျိုးစုံလုပ်ငန်း လုပ်လေတော့ ယိုထိုးရတာ ကိုယ့်လက် ကိုယ့်ခြေလို ဖြစ်ခဲ့ပါတယ် ဒါကြောင့်မို့ မြန်မြန်နဲ့ လွယ်လွယ်ပြီးစေမဲ့ ယိုထိုးနည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. စလေဇီးသီးခြောက် - 150 g
  2. ထန်းလျှက်ခဲ - 100 g
  3. ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် ၃ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. လေးညှင်း - ၂ပွင့်
  6. ဖာလာ - ၂စေ့
  7. စမုံစပါး - ၂၅စေ့ အစေ့၃၀ခန့်

ပြင်ဆင်ပုံ

  1. စလေဇီးသီးခြောက်ကို ရေတစ်နာရီလောက် စိမ်ထားပြီး အသီးများ ပျော့လာပါက ရေစစ်ထားပါ 
  2. ဒါမှမဟုတ် ပေါင်းအိုးထဲမှာ မိနစ်၂၀လောက် ပေါင်းပေးပါ
  3. ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ပေါက်စေးမကျတစ်ကျ ကျိုပေးပါ
  4. ထန်းလျှက်ရည် ပေါက်စေးမကျခင် အမှိုက်များကို ဇကာနှင့်စစ်ပြီး ထန်းလျှက်ရည်ကို အိုးထဲပြန်ထည့်ပေးပါ
  5. ထန်းလျှက်ရည်ထဲသို့ ငရုတ်သီးမှုန့် ဆား လေးညှင်း ဖာလာ စမုံစပါး ဇီးသီးတို့ကို တခါထဲ ထည့်မွှေပေးပြီး ရေခမ်းအောင် မီးအေးအေးနှင့် မွှေပေးပါ
  6. ရေခမ်းလာပြီး စလေဇီးယိုလေးလဲ မွှေးလာပြီဆိုပါက အအေးခံပေးပြီး ချိုချဉ်ငံစပ် အရသာစုံ ရနိုင်မဲ့ စလေဇီးယိုကို စားသုံးနိုင်ပါပြီ။

1 comment: