Saturday 21 November 2015

ထောပါတ်ထမင်း



ဒီနေ့တော့ ရသာစုံ ထောပါတ်ထမင်းလေး ချက်ပါတယ် ဟင်းမလိုလောက်အောင်ကို စာလို့ကောင်းတဲ့ ထမင်ချက်နည်းလေးမို့လို့ မာမာပြင်ဆင်ပြီး ချက်ဖြစ်တဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်၊

ပါဝင်ပစ္စည်းများ
  1. Basmati ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ  - သုံးမွှာ
  4. သစ်ဂျပိုးခေါက် - တစ်လက်မ
  5. လေးညှင်း - နှစ်ပွင့်
  6. ဖာလာ - နှစ်ခု
  7. ကရဝေးရွက် - သုံးရွက်
  8. စပျစ်သီးခြောက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်သာသာ
  9. မုံလာဥနီ - အနေတော် တစ်ဥ
  10. ထောပတ် - 30 g 
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်(သို့) သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  13. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ခြောက်ဗူး

ပြင်ဆင်ပုံ

  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးက အတုံးလေးတွေ ရလာအောင် လှီးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ထောပတ်ကို ထည့်ပေးပြီး အပူပေးပါ
  • ထောပါတ်များ  ပူပြီးပျော်လာပါက သစ်ဂျပိုးခေါက် ကရဝေးရွက် ဖာလာနှင့်လေးညှင်းပွင့်တို့ကိုထည့်ပြီး လေးငါးချက်လောက် ဆက်တိုက်မွှေပြီး ဆီသတ်ပေးပါ
  • ပြီးမှကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ပေးပြီး မိနစ်ဝက်လောက် ဆီသတ်ပေးပါ 
  • ပြီးတာနဲ့ မုံလာဥနီနှင့် စပျစ်သီးခြောက် တို့ထဲ့ကာ တစ်မိနစ်လောက် ဆီသတ်ပေးပါ
  • အားလုံးဆီသတ်ပြီးပါက ရေဆေးထားသော ဆန်အိုးထဲသို့ ဆီသတ်ထားသော ပစ္စည်းမျာကိုး ထည့်ပေးပါ
  • ဆန်အိုးထဲသို့ ရေ ငရုတ်ကောင်းမှုန့် ဆားနှင့်ဟင်းချိုမှုန့်တို့ ထည့်ပေးကာ ရိုးရိုးထမင်း ချက်သလိုဘဲ ထမင်းပေါင်းအိုး ခလုတ်နှိပ်ပြီး ချက်ပေးပါ
  • ပေါင်းအိုးခလုတ် တက်လာပြီး ထမင်းကျက်ပါက အရသာမွှေးမွှေးလေးနဲ့ ထောပါတ်ထမင်း အိအိလေးကို ရပါပြီ
  • ကြက်သားဟင်း ချဉ်ပေါင်ဟင်းချိုတို့နှင့် တွဲဖက်ပြီး စားပါက နတ်သုဒ္ဒါတစ်မျှ စားလို့ ကောင်းလွန်းလှပါတယ်။

No comments:

Post a Comment