Wednesday 4 November 2015

ကြက်သားစင်းကော ကြက်သွန်ဖြူမိတ်ကြော်


ကြက်သားကို အမျိုးမျိုး ချက်စားဖြစ်တဲ့ အထဲက ဒီတစ်ခါတော့ ကြက်သားကို ခပ်ကြမ်းကြမ်းစင်းပြီး ကြက်သွန်ဖြူမိတ်နဲ့ကြော်ဖြစ်လို့ စားကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကိုမျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 250 g
  2. ကြက်သွန်ဖြူမိတ် - အပင် နှစ်ဆယ်ခန့်
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - လက်တဆစ်ခန့် တစ်ပြား
  6. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  10. ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း တစ်ဇွန်း


ပြင်ဆင်ပုံ
  1. ကြက်သားကို ရေဆေးပြီး အရမ်းမညက်စေဘဲ ခပ်ကြမ်းကြမ်း နုတ်နုတ်စင်းပေးပါ
  2. စင်းထားသော ကြက်သားကို ဇလုံတစ်လုံးထဲထည့်ကာ ဆား အချိုမှုန့် နနွင်းမှုန့်တို့နဲ့ အရသာဝင်အောင် နယ်ထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပေးထားပါ
  4. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အကွင်းလိုက် လှီးထားပါ
  5. ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး သေးသေး ရှည်ရှည်လေးတွေ လှီးထားပေးပါ
  6. ကြက်သွန်ဖြူမိတ်ကို အပင်လိုက် ရေဆေးပြီး တစ်လက်မလောက် အရှည်လေးတွေ လှီးထားပါ
ချက်ပြုပ်ပုံ
  • အားလုံးလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်မွှေပါ
  • ကြက်သား အသားများ မာလာတာနဲ့ ရေအနည်းငယ်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
  • ရေခမ်းတာနဲ့ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို နွမ်းတဲ့အထိ ရောပြီးကြော်ပေးပါ
  • ကြက်သွန်များ နွမ်းပြီဆိုတာနဲ့ ပဲငံပြာရည်ထည့်မွှေပြီး ကြက်သွန်ုဖြူမိတ် ထည့်မွှေကာ မိနစ်ဝက်လောက် မွှေပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment