Monday 4 January 2016

သခွားသီးကြော်ချက်


တရုတ်ဟင်းလျာ အရည်သောက်ဟင်း တစ်မယ်ဖြစ်တဲ့ သခွားသီးကြော်ချက် ဟင်းချက်နည်းလေး မျှဝေပေးလိုက်ပါတယ် ခ၀ဲသီး သပွတ်သီးကြော်ချက်တို့နဲ့ ချက်နည်းတူသလို အရသာလဲ အတူတူဘဲရှင် တခါသောက်မိတာနဲ့ စွဲမက်စေမဲ့ အရည်သောက် ဟင်းရည်လေးမို့လို့ ချက်သောက်ကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သခွားသီး - ခပ်ာကီးကြီး တစ်လုံး
  2. ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာ
  3. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း မောက်မောက် တစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  1. သခွားသီးကို ထိပ်နှစ်ဖက်ဖြတ်ပြီး အခွံခွာကာ အလုံးလိုက် ရေဆေးပေးပါ
  2. ရေဆေးပြီးမှ ထက်ခြမ်းခြမ်းကာ ခပ်ထူထူလေး လှီးပေးပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  4. ဇောက်နက်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင်းမှုန့်ကို ထည့်ပေးပါ
  5. ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းတယ်ဆိုရုံလေး ကြော်ပေးပါ
  6. ကြက်သွန်များနွမ်းလာတာနဲ့ လှီးထားသော သခွားသီးကို ထည့်ကြော်ပါ
  7. သခွားသီး နွမ်းအောင်ကြော်ပြီးတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တလုံးခွဲနှင့် ကြက်သားမှုန့်တို့ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  8. ရေဆူပြီး သခွားသီးနူးအိလာတာနဲ့ ငရုတ်ကောင်းမှုန့်နှင့် ဆားထည့်မွှေကာ အရသာမြည်းပြီး လိုသလိုပြင်ကာ သုံးဆောင်နိုင်ပါပြီ။




No comments:

Post a Comment