Wednesday 27 April 2016

ကြက်သားဆီချက်ခေါက်ဆွဲ




ဒီနေ့တော့ ကြက်ရင်ပုံသားကို ပြုပ်ဖြစ်ပါတယ် ကြက်သားပြုပ်ပြီးကာမှ ကြက်သားပြုပ်ကြီးဘဲ သက်သက် မစားချင်တာမို့လို့  ဒီတခါတော့ ဆီချက်ခေါက်ဆွဲ လုပ်စားဖြစ်သွားပါတယ်။

အိမ်မှာဘဲ အလြယ္တစ္ကူ လုပ်စားလို့ရတဲ့ ဆီချက်ခေါက်ဆွဲ ဖြစ်သလို ကိုယ့်လျှာ အရသာနဲ့  ခံတွင်းတွေ့မဲ့ ဆီချက်လေးမို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 150 g
  2. ခေါက်ဆွဲခြောက် - 200 g
  3. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ္ဗူးသာသာ
  4. နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
  5. ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၃ဇွန်း
  6. ကင်းမွန်ငံပြာရည် - လဖက်ရည် အကြမ်းပန်းကန် တစ်လုံး
  7. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း ၂ဇွန်း
  8. အရသာမှုန့် - အနည်းငယ်
  9. မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ္ဗူး
  10. ကြက်သွန်မိတ် - အနည်းငယ်
  11. နာနတ်ပွင့် - တစ်ပွင့်
  12. ဆား - လက်ဖက်ရယ်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ဆားနှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး နာနတ်ပွင့် ထည့်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • ကြက်သားကျက်သွားပါက ပုံပါအတိုင်း လွီးထားပါ
  • ခေါက်ဆွဲကို ရေနွေးဆူဆူမှာ အနေတော် ပျော့အောင်ပြုပ်ပေးပြီး ခေါက်ဆွဲနှင့် ရေနွေးကို ဇကာထဲသြန္ခ်ျပီး ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားသော ခေါက်ဆွဲကို ပဲငံပြာရည် အနောက်ဖြင့် နယ်ထားပေးပါ
  • မြေပဲကိုလှော်ပြီး အခြံခြ်တ္ကာ မညက်တညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ကြော်ပြီးသားကို မညက်တညက် ချေထားပါ (လဖက်ထဲထည့်တဲ့ ကြက်သွန်ဖြူဆိုရင် ပိုကောင်းပါတယ် )
  • ဆီကို အပူပေးပြီး ဆီပူလာပါက မီးကိုလျှော့လိုက်ပြီး နှမ်းကိုထည့်ကြော်လိုက်ပါ ထည့်ကြော်ပြီးတာနဲ့ မီးဖိုပေါ်က ချပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေးလှီးထားပါ
  • ငံပြာရည်နှင့် အရသာမှုန့်ကို အဆင်သင့်ပြင်ထားပါ
တစ်ပွဲစာပြင်ရန်
  • ပဲငံပြာရည် နယ်ထားသော ခေါက်ဆွဲကို တပွဲစာယူပြီး ပန်းကန်ထဲ ထည့်ပေးပါ
  • ကြက်သားထမင်းစားဇွန်း တဇွန်း အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မြေပဲမှုန့် ထမင်းစားဇွန်း တဇွန်း ဆီချက် ထမ်းစားဇွန်း တဇွန်းခွဲ ငံပြာရည် လက်ဖက်ရယ်ဇွန် တ၀က္သာသာ ကြက်သွန်ဖြူဆီချက် လက်ဖက်ရည်ဇွန်း တဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ ကြက်ရိုးဟင်းခါး သခြားသီး အချဉ်တို့ နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment