Saturday 7 May 2016

ကြက်သားလုံးကြော်










နေ့လည်နေ့ခင်း အစာပြေ ဘာစားရင်ကောင်းမလဲ စဉ်းစားမိတော့ ထွက်လာတဲ့အဖြေက ကြက်သားလုံး ကြော်လေးပေါ့နော် အပြင်လဲ မထွက်ချင်တော့ အပင်ပန်းခံပြီး ထုထောင်း ပြင်ဆင်ကာ ကြော်ဖို့ ပြင်ဆင်ရတာပြန်တာပေါ့ ဒါကြောင့်မို့လို့ ဒီနေ့ကြော်တဲ့ ကြက်သားလုံးကြော် ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 200 g
  2. bread crumbs - ထမင်းစားဇွန်း ဆယ်ဇွန်း
  3. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ချင်းအမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ကြက်သွန်ဖြူအမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံလေးပြောပါမယ်
  • ကြက်သားကို ရေဆေးပြီး ရေခြောက်အောင် သုတ်ပေးကာ ညက်နေအောင် ဓါးနှင့်စင်းပေးပါ
  • ဆား ကြက်သွန်ဖြူမှုန့် ချင်းမှုန့် ငရုတ်ကောင်းမှုန့် အရသာမှုန့်တို့နဲ့ ကြက်သားကိုနယ်ပေးပါ
  • bread crumb မှုန့်ကို ပန်းကန်ပြား တစ်ချပ်ထဲ ထည့်ထားပါ
  • အရသာ နယ်ထားသော ကြက်သားကို အနေတော် အလုံးလေးတွေ လုံးပေးပါ
  • လုံးထားသော ကြက်သားလုံးများကို bread crumbs ထဲမှာ  တစ်လုံးချင်း ခပ်ဖွဖွ လူးပေးပါ
  • ပထမတစ်ကြိမ်လူးပြီး နောက်တစ်ခါ ပိုနေသောအမှုန့်များနှင့် ထပ်လူးပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားလုံးများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြက်သားလုံးများ အကျက်ညီစေရန် ကြက်သားလုံးကို လှည့်လှည့်ကြော်ပေးပါ 
  • ကြက်သားလုံး တခုလုံး ရွှေဝါရောင် ဖြစ်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားလုံးကြော်ရွရွ ကြွတ်ကြွတ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment