Wednesday 11 May 2016

ကစွန်းရွက်ကြော်


အရမ်းလွယ်လွန်းတဲ့ ကန်စွန်းရွက်ကြော်ကို ဘလော့မှာ တင်ထားလို့ ရယ်ချင်ကြမှာဘဲနော် စိတ်ကူးရရင် ကြော်စားနိူင်မဲ့ သတ်သတ်လွတ်အတွက် ဟင်းတစ်မယ်အတွက် ကန်စွန်းပလိန်း အလွယ်ကြော်နည်းလေးရအောင် မျှဝေလိုက်ခြင်းသာ ဖြစ်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကန်စွန်းရွက် - လက်တစ်ဆုတ်စာ တစ်စည်း
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
  • ကန်စွန်းရွက် အပင်ရဲ့ ရင့်နေတဲ့ နေရာများကို ဖယ်ပြစ်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  • ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
  • ပြီးတာနဲ့ ကန်စွန်းရွက်များထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
  • နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး ပူနေတုန်း ပန်းကန်ထဲပြောင်းထည့်ကာ စားသုံးနိူင်ပါပြီ။

No comments:

Post a Comment