Friday 13 May 2016

ကြက်သား အချိုချက်


အစပ်မစားသူတွေအတွက် အဆင်ပြေစေမဲ့ ကြက်သားအချိုချက်လေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သား - 450g
  • ကြက်သွန်ဖြူ -၂မွှာ
  • ကြက်သွန်နီ - အနေတော် တလုံး
  • ချင်း - လက်တဆစ်ခန့်
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် ( ကြက်သားအရသာနယ်ရန်နှင့် ဟင်းဆီသတ်ရန်)
  • ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
ပြင်ဆင်ပုံ
  1. ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  2. ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  3. ကြက်သားကို ဆား နနွင်း အရသာမှုန့်တို့နှင့် နယ်ထားပါ
  4. ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  5. ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  6. ပြီးတာနဲ့ ကြက်သွန်ဖြူ နီ ချင်းထောင်းကို ထည့်ပြီးဆီသတ်ပါ
  7. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ကြက်သားကို ထည့်ပြီး ဆီသတ်ပါ
  8. ကြက်သားများ မာလာတာနဲ့ ရေမြုပ်အောင် ထည့်မွှေပါ
  9. အောက်ခြေ မကပ်စေရန်နှင့် ကြက်သားနူးစေရန် ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  10. ပထမ တရည်ခမ်းတာနဲ့ ပဲငံပြာရည် ထည့်ပြီး ရေအနည်းငယ် ထပ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  11. ဟင်းအိုး မကပ်စေရန် အိုးကို မကြာမကြာ လှုပ်ပေးပြီး ဆီကျန်ရေကျန်လေး ရအောင်တည်ကာ အရသာမြည်း၍ လိုသလိုပြင်ပြီး စားသုံးရန် ပြင်နိုင်ပါပြီ

No comments:

Post a Comment