Sunday 8 May 2016

ကျူနာဆီပြန် မွှေးမွှေးလေး



ထမင်းနဲ့ဘဲဖြစ်ဖြစ် ပေါင်မုန့်နဲ့ဘဲဖြစ်ဖြစ် လိုက်ဖက်လွန်းတဲ့ ကျူနာငါး ဆီပြန်ဟင်းလေး ဒီနေ့ချက်ဖြစ်သွားပါတယ် ကိုယ့်စိတ်ကူးနဲ့ကို မြန်မာမှုပြုကာ ချက်ထားပြီး ချက်နည်းက အရမ်းလွယ်ပေမဲ့ စိတ်ကူးရသလို ချက်နိုင်ဖို့အတွက် မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကျူနာဗူး - အသေးနှစ်ဗူး
  2. အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အကွင်းလိုက်လှီးထားသော ကြက်သွန်နီ - ကြီးကြီး တလုံး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  5. ထက်ဝက်ခြမ်းကာ လှီးထားသော ခရမ်းချဉ်သီး - နှစ်လုံး

ပြင်ဆင်ပုံ
  • ကျူနာဗူးကို ဖောက်ထားပါ
  • ဆီကိုအပူပေးပြီး ကြက်သွန်နီကို နွမ်းအောင်ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ခရမ်းချဉ်သီးကို ကျေသွားတဲ့ထိ ကြော်ပေးပါ
  • ခရမ်းချဉ်းသီးများ ကျေသွားတာနဲ့ ဖောက်ထားသော ကျူနာငါးအသားများနှင့် ဆားတို့ထည့်ပြီးမွှေပေးပါ
  • ခရမ်းချဉ်သီး အရည်များခမ်းလာပြီး ငါးအသားများ ဆီပြန်လာတာနဲ့ ဟင်းပွဲပြင်ပေးနိုင်ပါပြီ
  • ပေါင်မုန့်ထမင်းတို့နဲ့ နှစ်သက်သလို စားသုံးနိုင်ပါပြီ။ 

No comments:

Post a Comment