Friday 6 May 2016

မှိုဟင်းချို







အရသာလေးလေးပင်ပင် ရှိလွန်းတာတဲ့ မှိုအစပ်ဟင်းလေး ချက်ဖြစ်တာမို့ လွယ်ကူလွန်းတဲ့ ကြော်ချက် ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြယ်သီးမှိုအညို - 350 g (ခပ်ပါးပါးလှီးထားပါ)
  2. ကြက်သွန်နီ - တစ်ခြမ်း
  3. ကြက်သွန်ဖြူ -၂မွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆီ - ထမင်းစားဇွန်း  ၂ဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. သံပုရာသီး - တစ်ခြမ်း 

ပြင်ဆင်ပုံ
  1. ဆီကိုအပူပေးပြီး နနွင်းမှုန့်ကိုထည့်ပါ
  2. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါးလှီးပြီး ဆီပူအိုးထဲ ထည့်ကြော်ထားပါ
  3. ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး ကြက်သွန်နီနှင့်အတူ ဆီအိုးထဲ ထည့်ထားပါ
  4. ကြက်သွန်အဖြူ အနီနွမ်းတာနဲ့  ငရုတ်သီးမှုန့် ထည့်မွှေကာ မွှေးလာအောင် ဆီသတ်ပါ
  5. ပြီးတာနဲ့ ခပ်ပါးပါးလှီးထားသော မှိုကို ထည့်မွှေပါ
  6. အားလုံးထည့်ပြီးတာနဲ့ ဆားထည့်မွှေပြီး ရေလိုသလောက်ထည့်ကာ  ဟင်းရည်အိုး ပွက်ပွက်ဆူအောင် တည်ပေးပြီး အရသာချိုချိုမွှေးမွှေး မှိုကြော်ချက် ချဉ်ငံစပ် အရည်သောက်ဆမ်း ဟင်းရည်ကို သံပုရာ ညှစ်ကာ သုံးဆောင်နိုင်ပါပြီ

No comments:

Post a Comment