Wednesday 1 June 2016

ပုဇွန်ချိုချဉ်ကြော်


ထမင်ြးမိန်မြိန် သုံးဆောင်နိုင်ဖို့ ချက်ရတာ အရမ်းလွယ်ပြီး အရမ်းစားလို့ကောင်းလွန်းလို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပုဇွန်ချိုချဉ် ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ရေဆေးပြီး ခေါင်း အမြှီးဖြုက်ကာ ကြောဖက်မှ အမည်းကြောင်းထုတ်ထားသော ပုဇွန်ထုတ် - ၁၂ကောင်
  2. အဖတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  4. အနေတော် လှီးထားသော ဘရိုကိုလီ- ၁၀ခက်
  5. သင့်သလို လှီးထားသော မုံလာဥနီ - အနေတော် တစ်ဥ
  6. ခပ်ထူထူ လှီးထားသော ဂေါ်ဖီ - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  7. အနေတော် လှီးထားသော ပဲသီး - သုံးတောင့်
  8. တစ်လက်မစီလောက် လှီးထားသော တရုတ်နံနံ - ၂ပင်
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  10. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဂျုံမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း ၂ဇွန်း
  13. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  14. ဆီ - ထမင်းစားဇွန်း ၃ဇွန်း (ချိုချဉ်ကြော်ရန် )
  15. ဆီ - လိုသလောက် သုံးပေးပါ( ပုဇွန်ကြော်ရန် )


ပြင်ဆင်ပုံ
  • လိုအပ်သော အသီးအရွက်များ အသားများကို အဆင်သင့်ဖြစ်အောင် ပြင်ထားပေးပါ
  • ပုဇွန်များပို ဇလုံတလုံးထဲမှာထည့်ပြီး ဂျုံမှုန့်နှင့် လူးပေးထားပါ
  • ခရမ်းချဉ်သီးဆော့နှင့်ဆား ပဲငံပြာရည်အကြည် သကြားတို့ကိုရေ ထမင်းစားဇွန်း ၄ဇွန်းလောက်နှင့် ရောမွှေထားပါ
  • ဒယ်အိုးတလုံးထဲမှာ ဆီလက်ဖက်ရည်ပန်းကန် တလုံးစာကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ဂျုံမှုန့်လူးထားသော ပုဇွန်များကို တကောင်ခြင်း ထည့်ကြော်ပေးပါ
  • ပုဇွန်တကောင်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ထားပါ
  • နောက်ထပ်ဒယ်အိုးတလုံးထဲမှာ ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို မိနစ်ဝက်လောက်ကြော်ပေးပါ
  • မိနစ်ဝက်ပြည့်တာနဲ့ ဂေါ်ဖီ ဘရိုကိုလီ မုံလာဥနီ နှင့်ပဲသီးတို့ကို ထည့်ပြီး တမိနစ်လောက် ကြော်ပေးပါ
  • တမိနစ်လောက် ကြော်ပြီးတာနဲ့ ကြော်ထားသော ပုဇွန်များ အရသာစပ်ထားသော  ခရမ်းချဉ်သီးဆော့တို့ထည့်ပြီး ကြော်ပေးပါ
  • ကြော်ချိန် တစ်မိနစ်လောက် ရပြီဆိုတာနဲ့တရုတ်နံနံထည့်မွှေပေးပြီး ချိုချိုချဉ်ချဉ် ပုဇွန်ချိုချဉ် အစိမ်းကြော်လေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment