Friday 3 June 2016

ကောင်လတ်ကြီး ငါးပိရည်


ငါးပိအမျိုးမျိုး ရှိတဲ့အထဲက ဒီတခါတော့ ကောင်လတ်ကြီး ငပိရည်ကျို အကြောင်းလေး ပြောချင်ပါတယ် ကောင်လတ်ကြီး ငါးပိအထဲမှာ ငါးခူ ငါးရံ့ ငါးဖယ် စတဲ့ငါးတွေနဲ့ လုပ်ထားတဲ့ ငါးပိကိုပြောတာပါ။

သူက ကျိုလိုက်ရင် ငါးပိရည်က နောက်မနေဘဲ ခပ်ကြည်ကြည်လေး ဖြစ်နေတတ်ပြီး ငါးပိရိုးရိုးလို အသားများ မကျေဘဲ အရိုးမှာ ကပ်နေတတ်ပါတယ်။

ချိုတာတော့ အရမ်းချိုပါတယ် ကျိုပြီးတဲ့ ငါးပိရည်ကို အရည်ငင်ယူပြီး အရိုးမှာ ကပ်နေတဲ့ ငါးအသားများကို ထွင်ပြီးယူကာ ငါးပိရည်ဖျော်ပြန်ပြီး လုပ်ပေးရပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကောင်လတ်ကြီးငါးပိ - ၅ကျပ်သား
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ရေ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးခွဲစာ
  5. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ငါးပိကို ရေ ဆား နနွင်းမှုန့်တို့ထည့်ပြီး ရေ ပန်းကန်တလုံးစာ ကျန်အောင် ကျိုပေးထားပါ
  2. ကျိုထားသော ငါးပိရည်ကို အရိုးငင်ပြီး ပန်းကန်ထဲ ပြောင်းထည့်ထားပါ
  3. ငါးပိအရိုးမှာ ကပ်နေသော ငါးအသားများကို အရိုးမပါအောင် ခွာထားပါ
  4. ငပိရည်ထည့်ထားသော ပန်းကန်ထဲ ငရုတ်သီးမှုန့် အချိုမှုန့်နှင့် ငါးအသားတို့ထည့်ကာ မွှေပေးပါ
  5. အလွန်မွှေးပြီး ချိုသော ကောင်လတ်ကြီး ငါးပိရည်မွှေးမွှေးလေးရပါပြီ
  6. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ငပိရည်ဖျော်လေးရပါပြီ။

No comments:

Post a Comment