Saturday 4 June 2016

ကြက်​သားဟင်း အနှစ်​ဆမ်း PASTA







ဒီနေ့တော့ မြန်မာနည်းလေးနဲ့ ချက်ထားတဲ့ ကြက်သားစဉ်းကော အနှစ်ဟင်းလေးကို pasta နဲ့တွဲပြီး စားပါမယ် ချက်နည်းကတော့ သိုးသား ဆိတ်သား အမဲသား ဆိတ်သားလုံးတို့နဲ့ ချက်နည်းလဲတူ ပြင်ဆင်ပုံလဲတူတဲ့ ကြက်သား Pasta  ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • PASTA အခြောက် - 400g
  • ကြက်ရင်ပုံသား - 500g
  • ကြက်သွန်ဖြူ - ၃မွှာ
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
  • ငရုတ်သီးစိမ်း - အစပ်တောင့် ၃တောင့်
  • ငရုတ်အပွတောင့် အစိမ်းရောင် - တခြမ်း
  • ငရုတ်သီး အပွတောင့် အနီရောင် - တခြမ်း
  • သံလွင်ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း ( ရိုးရိုးဆီသုံးလဲရ)
  • ခရမ်းချဉ်သီးအနှစ် - 400g
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
  1. PASTA ကို ရေနွေးဆူဆူ မြုပ်အောင်ထည့်ပြီး နူးလာအောင် ပြုပ်ပေးပါ
  2. နူးလာတာနဲ့ ရေနွေးကိုသွန်ပြီး ရေအေးနှင့် ဆေးပြီး ရေစစ်ထားပါ
  3. ကြက်ရင်ပုံသားကို နုတ်နုတ်စဉ်းပြီး ဆား အရသာမှုန့် နနွင်းမှုန့်တို့နဲ့ နယ်ထားပါ
  4. ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးများကို ပုံပါအတိုင်း လှီးပေးထားပါ
  5. ဆီကိုအပူပေးပြီး ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးစိမ်းအစပ်တို့ကို အရင်ဆီသတ်ပေးပါ
  6. နည်းနည်းနွမ်းလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်ပြီး တမိနစ်လောက် ထားပါ
  7. ပြီးတာနဲ့ ခရမ်းချဉ်သီးအနှစ်ကိုထည့်ပြီး  တမိနစ်လောက် ထည့်မွှေပါ
  8. စဉ်းထားသော ကြက်သားကို ထည့်မွှေပြီး ထွက်လာသော အရည်များ ခမ်းအောင် တည်ပေးပါ
  9. ပထမတရည် ခမ်းတာနဲ့ နောက်တခါ အသားများ ရေမြုပ်အောင် ထည့်ပြီး တည်ပေးပါ
  10. နောက်တရည် မခမ်းခင် ငရုတ်သီးအပွ ၂မျိုးကို ထည့်မွှေကာ မိနစ်ဝက်လောက် ပြည့်တာနဲ့ ငရုတ်ကောင်းမှုန့် ထည့်မွှေကာ အရသာမြည်း၍ ဆီကျန်ရေကျန် ချက်ပေးပါ
  11. ပြုပ်ထားသော PASTA ဖတ်ကို ပွဲပြင်မည့် ပန်းကန်ထဲထည့်ပြီး ကြက်သားဟင်းအနှစ်ကို အသားအရည် မျှအောင်ဆမ်း၍ စားသုံးနိုင်ပါပြီ။


No comments:

Post a Comment