Thursday 15 September 2016

အမဲသားလုံးကြော်






ဒီနေ့တော့ အိမ်အလုပ်က နည်းနည်းများလေတော့ လွယ်ကူမြန်ဆန် အမဲသားလုံးကြော်လေးဘဲ ကြော်လိုက်ပါတော့တယ် အရသာက မွှေးပြီးစားလို့ကောင်းစေပြီး ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အမဲသားလုံး ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. Beef mince - 500 g
  2. ကြက်သွန်ဖြူ ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. ချင်း ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. ကြက်သွန်နီ လှီးပြီးသား - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  5. ကြက်သွန်မိတ် လှီးပြီးသား - ထမင်းစားဇွန်း ဆယ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. soy sauce - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  9. ဗီနီကာ - ထမင်းစားဇွန်း တစ်ဇွန်း
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ဆီ - လိုသလောက်

ပြင်ဆင်ပုံ
  • beef mince ကို ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပေးပါ
  • ကျန်လိုအပ်သော ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ

ကြော်ရန်ပြင်ဆင်ပုံ

  • ဇလုံတစ်လုံးထဲမှာ ဆီမှလွဲပြီး ပါဝင်ပစ္စည်းများ အားလုံးကို ထည့်ပေးပါ
  • ပါဝင်ပစ္စည်းများ ထည့်ပြီးတာနဲ့ အရသာကို သမအောင် နယ်ပေးကာ အလုံးလေးတွေ လုံးထားပါ
  • အရသာဝင်အောင် နယ်ပြီးတာနဲ့ အသားများကို အနေတော် လုံးပေးထားပါ
  • ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ အသားလုံးများကို တစ်လုံးခြင်း ထည့်ပြီးကြော်ပေးပါ
  • အမဲသားလုံးကြော်တို့ရဲ့ ထုံးစံအတိုင်း မီးအချိန်အဆ များသွားတဲ့အခါ အရောင်မည်းမည်းကြီး ဖြစ်သွားတတ်ပါတယ် 
  • ဒါကြောင့်မို့လို့ မီးအပူရှိန်ကို ချိန်ဆပြီး ကြော်ပေးပါ
  • ကြော်ထားသော အမဲသားလုံးများ ရွှေအိုရောင် သန်းလာပြီး ကျက်ပြီဆိုပါက ဆယ်ပြီးဆီစစ်ကာ ထမင်းပူပူလေးနှင့် စားသုံးနိုင်ပါပြီ။

No comments:

Post a Comment