Monday 5 September 2016

ငါးဟင်းချို




ဒီနေ့တော့ ထမင်းနဲ့စားတာထက် ဒီအတိုင်း သောက်လို့ကောင်းလွန်းတဲ့ ငါးပြုပ်လေး ပြုပ်ဖြစ်ပြီး အသားလွှာထားတဲ့ ဘာဆာငါးကို အရည်သောက်တစ်မယ် ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ငါးအသားလွှာ -  1 kg
  • ကြက်သွန်ဖြူ  - ငါးမွှာ
  • ချင်း - တစ်လက်မခန့်
  • တောရှောက်ခါးရွက် - နှစ်ရွက်
  • စပါးလင် - တစ်ပင်
  • ရေ - တရုတ်ဟင်းရည်သောက်ပန်းကန် တစ်လုံးခွဲ
  • သံပုရာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နံနံပင် - အနည်းငယ်
  • ငရုတ်သီးတောင့်နီ - တစ်တောင့်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  • ငါးကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ
  • စပါးလင် တောရှောက်ခါးရွက် နံနံပင် ငရုတ်သီးစိမ်းတို့ကို ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို သင့်သလို လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ထားပါ
  • ချင်းကို အခွံခွာပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ရေကိုဆူအောင် တည်ပေးပါ ရေဆူလာလျှင် ချင်း စပါးလင် ကြက်သွန်ဖြူ တောရှောက်ခါးရွက်တို့ကို ထည့်ပြီး အနံ့မွှေးလာအောင် တည်ပေးပါ
  • အမွှေးနံ့သင်းလာတာနဲ့ ငါးအသားလွှာများ ထည့်ပေးပြီး ငံပြာရည် အချိုမှုန့် သံပုရာရည်တို့ ထည့်ပေးကာ ဟင်းရည်ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ငါးအသားများ နူးအိသွားပါက ဟင်းရည်ကို အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • အဆင်သင့် ဖြစ်တာနဲ့ ပာင်းရည်သောက်ရန် ငရုတ်သီးတောင့်နီ နံနံပင် သံပုရာသီးတို့ထည့်ကာ ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment