Thursday 22 September 2016

ပိန်းဥဟင်း







ပိန်းဥလေးတွေ ရလာတော့ မြန်မာပြည် အလွမ်းပြေ အရည်သောက်ဆမ်း ချက်ဖြစ်ပြန်ပါတယ် အမေချက်ကျွေးတဲ့ ပိန်းဥဟင်းရယ် ပုဇွန်ချဉ်သုပ်လေးရယ်ကိုလဲ သတိတရနဲ့ စားချင်မိပြန်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပိန်းဥ - 500g
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ပုဇွန်ခြောက်  - ၁၅ကောင်ခန့်
  • ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်လုံးအလတ် တလုံး
ပြင်ဆင်ပုံ
  • ပိန်းဥများကို အခွံခွာပြီး ဆားနှင့်နယ်၍ ပိန်းဥအလုံးကြီးပါက အနေတော်တုံးပြီး ရေဆေးထားပေးပါ
  • ပိန်းဥအခွံခွာရင် လက်တွေယားတတ်တဲ့အတွက် လက်အိတ်လေး စွတ်ပြီးမှ အခွံကိုခွာပေးပါ
  • မာမာကတော့ ready made အခွံခွာပြီးသား အထုတ်ကို ချက်ပါတယ်
  • ပုဇွန်ကိုခြောက်ကို ရေဆေးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇောက်နက်သော အိုးတလုံးမှာ အခွံခွာထားသော ပိန်းဥ ကြက်သွန်ဖြူ ကြက်သွန်နီ ဆား ပုဇွန်ခြောက် နနွင်းမှုန့် ငရုတ်သီးမှုန့် အချိုမှုန့် ဆီတို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ပြီး ၃မိနစ်ခန့် လုံးချက်လေး ချက်ပေးပါ 
  • ပိန်းဥများ လုံးမိတာနဲ့ ရေကိုထည့်ပြီး ဟင်းအိုးဆူအောင် တည်ပေးပါ
  • ပိန်းဥများ နူးလာပြီး ဟင်းရည်အပျစ် အကျဲကို လိုသလိုပြင်၍  ထည့်ပေးပါ
  • ပိန်းဥဟင်း ကျက်တာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ ပိန်းဥအရည်သောက်ဆမ်းဟင်းကို ပုဇွန်ချဉ်သုပ် ငါးချဉ်သုပ်တို့နှင့် တွဲဖက်ပြီး သုံးဆောင်ရန် ပြင်ပေးပါ။

No comments:

Post a Comment