Sunday 25 September 2016

သတ်သတ်လွတ် ထမင်းပေါင်း













ရာသီဥတုလေး ပူလာတော့ မီးဖိုထဲ သိပ်မ၀င်ချင်တာနဲ့ တစ်မယ်ထဲနဲ့ ထမင်းစားလို့ မိန်စေမဲ့ သတ်သတ်လွတ် ထမင်းပေါင်းလေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ဖြစ်တဲ့ ထမင်းပေါင်း အလွယ်ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. Jasmine Rice ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ထမင်းချက်ရန်)
  3. ပန်းဂေါ်ဖီ - တစ်ခြမ်း
  4.  ဂေါ်ဖီ - တစ်ခြမ်း
  5. မုံလာဥနီ - ခပ်ကြီးကြီး နှစ်ဥ
  6. တရုတ်နံနံ - အနေတော် နှစ်ပင်ခန့်
  7. ကြက်သွန်နီ - အနေတော် တစ်လုံး
  8. ချယ်ရီခရမ်းချဉ်သီး - ခွန်နှစ်လုံး
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  10. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်းသာသာ
  11. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  12. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်

ကော်ရည်ဖျော်ရန်

  1. ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  4. ရေ. - ဟင်းပြင်ပန်းကန် အကြီးတစ်လုံး မရှိတစ်ရှိတို့ကို အားလုံးရောပြီး ဖျော်ထားပါ
  5. ကော်ရည်များများ ကြိုက်ပါက ရေပိုထဲ့ပြီး ဖျော်ပေးပါ
ပြင်ဆင်ပုံ
  • ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲထည့်ပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
  • ထမင်းကျက်သွားပါက ထမင်းအိုးကို အနွေးခလုတ် နှိပ်ထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး အခက်လေးများ ရအောင် လှီးပေးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ထူထူ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ပန်းပွင့်ပုံစံ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး ခပ်ကြမ်ကြမ်း လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ပြီး အဖတ်လေးများ ရလာအောင် ခွာထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ အိုးအောက်ချေထူသော အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ကြက်သွန်ဖြူ ကို မွှေးလာတဲ့ထိ ကြော်လိုက်ပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ အသီးအရွက်များကို တရုတ်နံနံမှလွဲပြီး အားလုံးကို ထဲ့ကြော်လိုက်ပါ
  • နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ဖျော်ထားသော ကော်ရည်ကို လောင်းထဲ့ပါ
  • အရသာ မျှတအောင် အားလုံးကို မွှေပေးပြီးတာနဲ့ ပဲငံပြာရည်ထဲ့ကာ မွှေပေးကာ အရသာ မြည်းပေးပါ
  • အရသာမြည်း ပြီးတာနဲ့ မိမိနှစ်သက်သလို အရသာရအောင် ပြင်ပေးပြီး တရုတ်နံနံထဲ့ပြီး မွှေပေးပါ
  • ကော်ရည်များများ ကြိုက်ပါက ရေထပ်ထဲ့ပြီး မွှေပေးနိုင်ပါတယ်
  • အသီးအရွက်များ နူးလွန်းပါက စားလို့မကောင်းတဲ့အတွက် ချက်ချိန် လေးမိနစ် သာသာလောက်ဘဲ ချက်ပေးပြီး မီးပိတ်ပေးပါ။
ထမင်းပွဲပြင်ဆင်ပုံ
  • ချက်ပြီးသား ထမင်းကို ပန်းကန်လုံး တစ်ခုထဲမှာ ဖိထည့်ပေးပြီး ပန်းကန်တစ်ချပ်ထဲမှာ မှောက်ထည့်ပေးပါ
  • ပြီးတာနဲ့ ချက်ပြီးကာစ ပူနေသော အသီးအရွက် ကော်ရည်တို့ကို ထမင်းပေါ်သို့ ဇွန်းမှုတ်နှင့်ခပ်ကာ လောင်းချပေးပြီး ပြင်ပေးပါ
  • ထမင်းပွဲ ပြင်ပြီးတာနဲ့မိမိတို့  နှစ်သက်ရာ အချဉ် အစပ်တို့နှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment