Sunday 4 September 2016

ကြက်သား ခရမ်းသီးမီးဖုတ်ကြော်







ထမင်းစားရင် အငံလေးပါမှ ထမင်းက စားလို့မြိန်လေတော့ တစ်နေ့တစ်နေ့ အငံအရသာလေးပါအောင် ဘယ်လိုချက်ရပါ့မလဲ စဉ်းစားရတာကလဲ အလုပ်တစ်ခုလိုပါဘဲ။

ဒီနေ့တော့ ထမင်းမြိန်စေမဲ့ ခရမ်းသီးကို မီးဖုတ်ပြီး ကြက်သားကို နုတ်နုတ်စဉ်းကာ ကြော်ချက်လေး ချက်ဖြစ်လို့ ထမင်းစားလို့ မိန်စေမဲ့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းသီး - အလုံးကြီးကြီး တစ်လုံး
  2. ကြက်ရင်ပုံသား - 250 g
  3. ပဲငပိ - ထမင်းစားဇွန်း လေးဇွန်း
  4. ကြက်သွန်ဖြူ - ငါးမွှာ
  5. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  7. ခနော ကြက်သားမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ခရမ်းသီးကို မိုက်ခရိုဝေ့သုံး ဇလုံထဲမှာ ထည့်ပြီး အဖုံးခပ်ဟဟအုပ်၍ မိုက်ခရိုဝေ့ထဲထည့်ပြီး ၄မိနစ်ခန့် ဖုတ်ပေးပါ
  • မီးသွေးမီးဖို သုံးပါက မီးသွေးမီးပေါ်တင်ပြီး အပြင်ခွံ ကျွမ်းတဲ့အထိ ကျက်အောင် ဖုတ်ပေးပါ
  • ဖုတ်ထားသော ခရမ်းသီးကို ဇလုံတခုထဲမှာ ရေထည့်ပြီး အခွံခွာထားကာ ခရမ်းသီးမှ ထွက်သော အစေးများ ထွက်အောင်ဆေး၍ ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်ရင်ပုံသားကို နုတ်နုတ်စဉ်းထားပါ
  • ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူပါက ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းတို့ထည့်ကာ မိနစ်ဝက်ခန့်ကြော်ပေးပါ
  • ပြီးတာနဲ့ ကြက်သား ပဲငပိ ပဲငံပြာရည်အကျဲ နှင့် ခနောကြက်သားမှုန့်တို့ကိုထည့်ပြီး ကြော်ပေးပါ
  • ကြက်သားများကို အသားအတုံးအခဲကြီး မဖြစ်စေရန် ဖိပြီးချေပေးပြီး ၅မိနစ်လောက် ကြော်ပေးပါ
  • ကြက်သား အသားများ ကျက်လာတာနဲ့  ခရမ်းသီးမီးဖုတ်ကိုထည့်ပြီး တမိနစ်ခန့် ကြော်ပေးပြီး အရသာမြည်း၍ လိုသလို ပြင်ပေးပါ
  • ကြက်သား ခရမ်းသီးမီးဖုတ်ကြော် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
အစပ်စားပါက ငရုတ်သီးစိမ်း ထည့်ကြော်ပေးပြီး အရံဟင်း ဖြစ်တဲ့အတွက် မိသားစုနည်းပါက ချင့်ချိန်ပြီး ကြော်ပေးပါ။

No comments:

Post a Comment