Wednesday 15 February 2017

ပုဇွန်အချိုကြော်


အခုရက်ထဲ ပုဇွန်သားလေးတွေ ၂ကီလိုဝယ်ထားပြီး ချိုချဉ်ငံစပ် လှည့်ပါတ်ပြီး ချက်နေမိပါတယ် ဒီနေ့တော့ ကလေးလူကြီး စားနိုင်မဲ့ ပုဇွန်အချိုကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခေါင်းချိုး အမြှီးဖြုတ်ထားသေ ပုဇွန်ခေါင်းချိုး - ၂ဆယ်သား
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆီ - ထမင်းစားဇွန်း ၇ဇွန်းခန့်
  7. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  8. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေဆေးပြီး ခေါင်း အမြှီးဖြုတ်ကာ သန့်စင်ထားပါ
  • သန့်စင်ထားသော ပုဇွန်ကို ဆား ငံပြာရည် နနွင်းမှုန့်တို့နဲ့ နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ 
  • ဆီပူလာတာနဲ့ ကြက်သွန်နီ နွမ်းအောင် ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ အရသာနယ်ထားသော ပုဇွန်ကို ထည့်ကြော်ပါ
  • သုံးမိနစ်လောက် ကြော်ပြီးတာနဲ့ ပဲငံပြာရည် ထည့်မွှေပေးပြီး အရသာမြည်း၍ လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ။

No comments:

Post a Comment