Wednesday 8 February 2017

အာလူးကတ်တလိတ်


အာလူးကတ်တလိတ်ဆိုရင် အရသာ အမျိုးမျိုးထည့်၍တစ်မျိုး သတ်သတ်လွတ်တစ်သွယ် အသားများ ထည့်ပြီးသော်၎င်း မျိုးစုံအောင် ကြော်တတ်ကြပါတယ် မာမာကတော့ ဒီတစ်ခါ ကြက်ဥအကာထဲ နှစ်ပြီး မဆလာနံ့ သင်းသင်းလေးနဲ့ ကြော်ထားတာဖြစ်လို့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အားလူး - 700 g 
  2. တန်ပူရာမှုန့် - 100 g
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ကြက်ဥအကာ - တစ်လုံး
  8. ဆီ - လိုသလောက်

ပြင်ဆင်ပုံ
  • မြေနီအာလူး အာလူးအစေးသီးကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ နူးနေအောင် ပြုပ်ပေးပါ
  • မိုက်ခဝေ့ မီးဖိုနှင့်ပြုပ်ပါက ရေ အနည်းငယ်ထည့်ပြီး ၁၂မိနစ်နစ်ခန့် ပြုပ်ပေးပါ
  • အာလူးနူးပါက အအေးခံပြီး အခွံခွာပါ
  • အခွံခွာပြီးသား အာလူးကို စတီးဇလုံ တစ်လုံးထဲထည့်ပြီး ဆား အရသာမှုန့် တန်ပူရာမှုန့် မဆလာ နနွင်းမှုန့်တို့ထည့်ပြီး အာလူးကို ကျေအောင်ချေကာ နယ်ပေးပါ
  • အာလူးကျေသွားပါက ငရုတ်ကျီပွေ့နှင့် ငရုတ်ဆုံ မရှိက ဇလုံထဲမှာဘဲ စေးပိုင်လာတဲ့ထိ ထောင်းပေးပါ
  • အာလူးများ စေးပိုင်လာပါက ထမင်းစားဇွန်း တစ်ဇွန်းစာယူပြီး လက်နှင့်ဆုတ်လုံးပေးပါ
  • အားလုံးကို အလုံးလေးများ ဆုတ်လုံးပေးပြီးပါက လက်ကိုဆီသုတ်ပေးပါ
  • ပြီးတာနဲ့ တစ်လုံးချင်းကိုယူကာ လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ၀ိုင်းသွားအောင် လုံးပေးကာ ခပ်ပြားပြားလေး ဖိပေးပါ
  • ကြက်ဥအကာကို ဇလုံတစ်ခုထဲမှာ ခက်ရင်းဖြင့် ပွလာအောင် ခလောက်ထားပေးပါ
  • အာလူးလုံးများ အဆင်သင့် ဖြစ်ပါက ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက အာလူးမထည့်ခင် မီးကို အလယ်လောက်ထိ လျော့ပေးပါ
  • မီးလျော့ပြီးမှ အာလူးလုံးများကို တစ်လုံးချင်းယူပြီး ကြက်ဥအကာထဲမှာ လူးပေးပြီးမှ ထည့်ပြီးကြော်ပေးပါ
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
  • အာလူးကတ်တလိတ်ကြော် တစ်လုံးလုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက မဆလာနံ့ မွှေးမွှေးလေးနဲ့ အာလူးကတ်တလိတ်လေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment