Friday 31 March 2017

ဆိတ်သားကင်







ဒီတခါတော့ အေးရှန်းဆိုင်က ဆိတ်သားလတ်လတ်ဆတ်ဆတ်လေးတွေ ရတာနဲ့ ဝယ်လာခဲ့ပြီး ကင်ဖို့ပြင်ခဲ့ပါတယ် ဒါကြောင့်မို့လို့ သံလွင်ဆီ မွှေးမွှေးလေးနဲ့ ကင်ထားတဲ့ ဆိတ်သားကင် မွှေးမွှေးလေး ကင်ဖြစ်လို့ မာမာကင်တဲ့ ကင်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ဆိတ်သား  - 350 g
  2. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း ၂ဇွန်း
  3. အုန်းနို့ - ထမင်းစားဇွန်း ၃ဇွန်း
  4. သံပုရာရည် ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. သစ်ရွက်ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  6. သံလွင်ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (သံလွင်ဆီမရှိက တခြားဆီကို သုံးနိုင်ပါတယ်)
  7. ready made မြေပဲဆော့ - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
ပြင်ဆင်ပုံ
  • ဆိတ်သားကို ရေဆေးပြီး ပုံပါအတိုင်း တုံးပေးပါ
  • တုံးထားသော ဆိတ်သားကို ပဲငံပြာရည် အုန်းနို့ သံပုရာရည် သံလွင်ဆီ အနှစ်တို့နှင့်ရောနယ်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၅နာရီလောက် နှပ်ထားပေးပါ
  • မကင်ခင် ရေ၃နာရီလောက် စိမ်ထားသော အကင်ဝါးချောင်းလေးတွေမှာ အသားတုံးလေးတွေကို ထိုးပေးပါ
  • ဘာဘီကျူး အကင်အိုးကို အပူပေးပြီး ဆီအနည်းငယ်သုပ်ပေးပါ
  • အကင်အိုးမရှိပါက အောက်ခြေထူပြီး မကပ်သော အိုးတလုံးကို အသုံးပြုပြီး ကင်ပေးပါ
  • ဆီပူလာတာနဲ့ အရသာနယ်ပြီး နှပ်ထားသော ဆိတ်သားကို အကင်အိုးထဲထည့်ပြီး ကင်ပေးပါ
  • ဆိတ်သားကို ၃မိနစ်လောက် အပူပေးပြီး ဆိတ်သား အပေါ်ယံကို ဆီအနည်းငယ် သုတ်ပေးကာ တဖက်ကို လှည့်ပေးပြီး ကင်ပေးပါ
  • နောက်တဖက်ကိုလဲ ၃မိနစ်လောက်ကင်ပေးပြီးရင် ဆိတ်သားကင်မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment