Wednesday 8 March 2017

လီမွန်ကိတ်










နေတွေပူလွန်းတော့ အပြင်လဲ မထွက်နိုင် အိမ်ထဲမှာဘဲ နေနေရလေတော့ တစ်ခါတလေ စားစရာမုန့်ပဲ သရည်စာလဲ ပြတ်သွားတတ်ပါတယ် ဒီနေ့တော့ အချိုတည်းစရာ လီမွန်ကိတ်လေး လုပ်ဖြစ်လို့ လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဂျုံမှုန့် - 140 gေ
  2. ထာပတ် - 100 ml
  3. Baking powder - 2.5 g
  4. သကြားဖြူ - 120 g
  5. ဆား -လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. လီမွန်အရည် - 50 ml
  7. ဗနီလာအနံ့အရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. လီမွန်အနံ့အရည် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  9. နွားနို့ -150 ml
  10. ကြက်ဥ - ၃လုံး
  11. မုန့်ဖုတ်မည့်ဗန်း - တစ်ခု
  12. ဆီ - အနည်းငယ်(မုန့်ဖုတ်မည့်ဗန်းကို သုတ်ပေးရန်)

ပြင်ဆင်ပုံ

  • ဇလုံတစ်လုံးထဲမှာ ဂျုံမုန့် baking powder နှင့်ဆားတို့ကို သမအောင် ရောမွှေပေးပါ
  • နောက်ထပ် ဇလုံတစ်လုံးထဲမှာ ထောပတ် ဗနီလာအနံ့အရည် သကြား လီမွန်အရည်နှင့် ဆီတို့ကိုရောပြီး လက်မွှေတံနှင့် သမအောင် ခပ်နာနာလေး မွှေပေးပါ
  • ကြက်ဥကို ပန်းကန်တစ်ခုထဲ တစ်လုံးချင်း ဖောက်ထည့်ပေးပြီး သမအောင် မွှေပေးပါ
  • လက်မွှေတံဖြင့် ဂျုံမှုန့်အရော အနှောကို သမအောင် မွှေပေးပါ
  • ကိတ်မုန့်ဖုတ်မည့် ဗန်းကိုbaking paper ခင်းပေးပြီးမှ မုန့်နှစ်ရည်ကို လောင်းထည့်ပါ
  • Oven ကို ၁၈၀ ဒီဂရီဖာရင်ဟိုက်နှင့် ၁ဝမိနစ်ခန့် ကြိုပြီး အပူပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ကိတ်မုန့်ဖုတ်မည့်ဗန်းကို oven အထဲထည့်ပေးပြီး ၄၅ မိနစ်မှ ၅၅ မိနစ်လောက်အထိ ဖုတ်ပေးပါ
  • မုန့်သား ကျက်မကျက်ကို အသုံးမပြုရသေးသော သွားထိုးဒုတ်တံနှင့် ကိတ်မုန့်သားကို ထိုးကြည့်ပါ
  • ဒုတ်တံမှာ ကိတ်မုန့်သား ကပ်ပါမလာရင် ကိတ်မုန့်ကျက်ပါပြီ
  • ကိတ်မုန့်ဖုတ်ထားသောဗန်းကို အာဗင်ထဲမှထုတ်ပြီး အအေးခံပေးပါ 
  • မုန့်သားအေးပြီ ဆိုတော့မှ မုန့်ဖုတ်သည့် ခွက်ထဲမှ အပြင်သို့ထုတ်ပေးကာ လိုသလို လှီးပေးပြီး အရသာ အလွန်ရှိတဲ့ လီမွန်နံ့ မွှေးနေတဲ့ လီမွန်ကိတ်မုန့်ကို နှစ်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment