Thursday 18 May 2017

ဂုံး စပါးလင်ပြုပ်




အင်မတန်မှ ဈေးကြီးလွန်းသော ဂုံးလေးတွေကို ၀ယ်မစားရင်လဲ မစားရတာဘဲ ရှိမှာမို့လို့ မျက်စေ့စုံမှိတ် ၀ယ်ပလိုက်မိလေခြင်းပေါ့ရှင် မြန်မာပြည်က ဂုံးလေးတွေနဲ့ အပြင်ခွံမတူပေမဲ့ အတွင်းသား အရသာကတော့ အတူတူပါဘဲ ပြုပ်နည်းလေးလဲ လွယ်ကူပါတယ် သောက်တဲ့အခါမှာတော့ လျှာလည်သွားစေတဲ့အတွက် လွယ်ကူမြန်ဆန် ပြုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဂုံး - တစ်ဗူး
  2. စပါးလင်  - တစ်ပင်
  3. ချင်း - လှီးပြီးသား ထမင်းစားဇွန်း တစ်ဝက်ခန့်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  8. သံပုရာသီး - တစ်ခြမ်း

ပြင်ဆင်ပုံ
  1. ဂုံးကို ရေဆေးပြီး ရေစစ်ထားပါ
  2. ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အရှည်အမြှောင်းလေးများ ရအောင် လှီးထားပါ
  3. စပါးလင်ကို ရေဆေးပြီး အနည်းငယ် ကျေသွားအောင် ထုပြီးထုံးထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  5. ငရုတ်ကောင်းမှုန့်ကို ပြင်ထားပါ
  6. ဇောက်နက်သော အိုးထဲမှာ ဂုံများ စပါးလင် ကြက်သွန်ဖြူ ဆားနှင့် အချိုမှုန့်တို့ကိုထည့်ပါ
  7. ပြီးလျှင် ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  8. ရေ ၁၅မိနစ်လောက် ပွက်ပွက်ဆူပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ငရုတ်ကောင်းမှုန့်ခပ်ကာ မီးပိတ်ပေးပါ
  9. ပြုပ်ချိန်ကြာပါက ဂုံးအသားများ ပျော့ပြဲသွားပြီး စားလို့မကောင်းတော့တဲ့အတွက် ပြုပ်ချိန်ကို သတိထားပေးပါ
  10. ဟင်းရည်ပူပူလေးကို သံပုရာရည်ညှစ်ပြီး စားပွဲပြင်ပေးပါ
  11. ဂုံးအသားများကို ဖယ်စားပြီး ဂုံးပြုပ်ရည် ပူပူစပ်စပ် မွှေးမွှေးလေးကို သောက်နိုင်ပါပြီ။

No comments:

Post a Comment