Sunday 7 May 2017

ရွှေထမင်း





အရမ်းကို စားချင်နေတဲ့ ရွှေထမင်းလေး ဒီနေ့တော့ လုပ်ဖြစ်ပြန်ပါတယ် မြန်မာမုန့်လေးတွေက လုပ်ရတာစိတ်ဝင်စားစရာ ကောင်းသလောက် စားရတာလဲ အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်တဲ့ ရွှေထမင်းလုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. ထန်းလျှက်ခဲ သို့မဟုတ် သကြားအညို - 100 g (အချိုကြိုက်လျှင် အနည်းငယ် ပိုထည့်ပါ)
  3. ဆား - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
  4. အုန်းသီးမှုန့် - လိုသလောက် သုံးပေးပါ
  5. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး (ထန်းလျှက်ကျိုရန်)
ပြင်ဆင်ပုံ

  • ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ တညသိပ် ရေစိမ်ထားပေးပါ
  • နောက်နေ့မနက်မှာ စိမ်ထားသော ရေကိုသွန်ပြီး ခပ်စိတ်စိတ် အပေါက်ပါတဲ့ ပေါင်းဇကာထဲ ထည့်ပေးကာ အောက်ခံအိုးထဲကို ရေ တ၀က်မရှိထည့်ပြီး မီးကိုအလယ်လတ်မှာထားပြီး ရေဆူအောင်တည်ပေးပါ
  • ရေဆူပြီ ဆိုတာနဲ့ မီးကိုအနည်းငယ်ထပ်လျှော့ ပြီး ကောက်ညှင်းဆန် ထည့်ထားသော ပေါင်းဇကာကို ရေဆူအိုးပေါ်တင်ပြီး အဖုံးအုပ်ကာ  ၄၅မိနစ်ခန့် ပေါင်းပေးပါ
  • ကောက်ညှင်းဆန် အလုံးအပျက်ဘဲ နပ်စေရန် ပေါင်းနေစဉ် အထက်အောက် တခါလောက် လှန်ပေးပါ
  • ကောက်ညှင်းပေါင်းနေစဉ် သကြားအညို သို့မဟုတ် ထန်းလျှက်ခဲကို ဆားနှင့် ရေအနည်းထည့်ကာ ထန်းလျှက်ခဲ ပျော်လာအောင် ခပ်ပျစ်ပျစ်လေး ကျိုထားပေးပါ
  • အုန်းသီးမှုန့်ကို ပြင်ထားပေးပါ
  • ကောက်ညှင်းနပ်ပြီ ဆိုတာနဲ့ ကောက်ညှင်းပူနေစဉ် ထန်းလျှက်ရည်ကို ရောမွှေပေးပါ
  • ကောက်ညှင်းနှင့် ထန်းလျှက်ရည် ရောမွှေစဉ် အရည်ပက်ရွှဲကြီး မဖြစ်စေရန် ထန်းလျှက်ရည်ကို နည်းနည်းချင်း ထည့်မွှေပေးပါ
  • ကောက်ညှင်းနှင့် ထန်းလျှက်ရည်ကို သမအောင် မွှေပြီးတာနဲ့ သင့်တော်သော ဗန်း သို့မဟုတ် ပန်းကန်တခုထဲမှာ ထည့်ပေးပြီး မျက်နှာပြင်ညှိကို ညီအောင်ညှိကာ အအေးခံပေးပါ
  • အေးသွားပြီဆိုတာနဲ့မိမိ နှစ်သက်ရာ ပုံစံရအောင် ဓါးမှာဆီသုတ်ပြီး လှီးပေး၍ အုန်းသီးမှုန့်ကို ဖြူးပေးကာ ရွှေထမင်း ချိုချိုလေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment