Wednesday 19 July 2017

သရက်သီးဆားရည်စိမ်ထောက်း



နေ့လည်နေ့ခင်း အပျင်းပြေလေးဘဲဖြစ်ဖြစ် ထမင်းဝိုင်းမှာ အအီပြေ စားဖို့ဘဲဖြစ်ဖြစ် စားလို့အရမ်းကောင်းတဲ့ သရက်သီးဆားရည်စိမ်နဲ့ ပုဇွန်ခြောက်ထေင်း လွယ်ကူမြန်ဆန် ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သရက်သီး ဆားရည်စိမ် - အနေတော် ၂လုံး
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ပုဇွန်ခြောက်  - ၁၇ကောင်ခန့်
  4. ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • သရက်သီး ဆားရည်စိမ်ပြီးသားကို ရေဆေးပြီး ဓါးပြတ်ပြတ်နှင့် လိုက်ပေါက်ပေးပါ
  • သရက်သီး တစ်လုံးလုံး အပြည့်လိုက်ပေါက်ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးချပေးပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • ပုဇွန်ခြောက်ကို ရေအနည်းငယ်ထည့်ပြီး ပွလာအောင် ရေစိမ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ စတီးလ်ဇလုံ သို့မဟုတ် ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပါဝင်ပစ္စည်း အားလုံးကိုထည့်ပြီး ထောင်းပေးပါ
  • အရမ်းညက်နေအောင် ထောင်းစရာ မလိုဘဲ သမသွားအောင် ခပ်ဖွဖွလေး ထောင်းပေးပါ
  • သရက်သီး ဆားရည်စိမ်က အငံပါပြီးသား ဖြစ်တဲ့အတွက် အငံထည့်စရာ မလိုပါ
  • ပန်းကန်တခုထဲ ပြောင်းထည့်ပေးပြီး ချဉ်ငံစပ် အရသာ ပါဝင်တဲ့ သရက်သီး ဆားရည်စိမ် ပုခြောက်ထောင်းလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment