Monday 3 July 2017

ငှက်ပျောပေါင်း


ငှက်ပျောသီးလေးတွေ ၀ယ်ထားပြီး အမှည့်လွန်ကုန်တော့ ဘာလုပ်စားရင် ကောင်းမလဲ စဉ်းစားနေတာ စိတ်ထဲပေါ်လာတာက ငှက်က်ပျောပေါင်းလေးဘဲ ပေါ်လာပါတယ် အရမ်းမှည့်ပြီး ပျော်နေတဲ့အတွက် ပေါင်းရတာ အရမ်းမြန်ပါတယ် ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန်စွာနဲ့ ပေါင်လို့ရတဲ့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. မှည့်နေသော သီးမွှေးငှက်ပျောသီး - ဆယ့်ခွန်နှစ်လုံး
  2. အုန်းနို့ - 400 ml (ready made ဗူးကို သုံးထားပါတယ်)
  3. ရေ - ထမင်းစားဇွန်း ၁၀ဇွန်းခန့်
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ 
  • ငှက်ပျောသီးများကို အခွံခွာထားပါ
  • အုန်းနို့ဗူးကိုဖောက်ကာ ဆား ရေနှင့်အတူ အိုးတစ်လုံးထဲထည့်ပြီး ခပ်ပြစ်ပြစ်လေးရအောင် ကျိုပေးပါ
  • အုန်းနို့ပျစ်လာတာနဲ့ အခွံခွာထားသော ငှက်ပျောသီးများကို အုန်းနို့အိုးထဲ ထည့်ပြီး နှစ်မိနစ်လောက် ဆက်ကျိုပေးပါ
  • အုန်းနို့နဲ့ငှက်ပျောသီး အနံ့လေး မွှေးလာပြီဆို မီးပိတ်ပေးပြီးရင် ငှက်ပျောပေါင်း ရပါပြီ
  • ငှက်ပျောသီးနှင့် အုန်းနို့မှာ အချိုအရသာ ပါပြီးသား ဖြစ်တဲ့အတွက် သကြား မထည့်လဲ ရပါတယ်
  • အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ငှက်ပျောပေါင်း ချိုချိုလေးကို စားပွဲပြင်ပေးပြီး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment