Thursday 7 September 2017

ဟင်းချက်အနှစ် ပြုလုပ်နည်း (ပထမနည်း)






အလုပ်များတဲ့ အိမ်ရှင်မတွေအတွက် တစ်ပါတ်စာ ငရုတ်သီးထောင်းလေး အဆင်သင့်ရစေဖို့ အားလပ်ရက်လေးမှာ ပြင်ဆင်ထားနိူင်အောင် မာမာပြင်ဆင်ထားတဲ့ နည်းလေး မျှဝေလိုက်ပါတယ်၊၊

တစ်ပါတ်စာအတွက် မိမိချက်မည့် ဟင်းအပေါ် မူတည်ပြီး ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ချင့်ချိန်ပြီး ထောင်းပေး ကြိတ်ပေးနိူင်င်ပါတယ်။

ဟင်းအနှစ်အရသာက တစ်ယောက်နဲ့တစ်ယောက် အကြိုက်ခြင်းမတူနိူင်တဲ့အတွက်ကြောင့် မိမိနှစ်သက်ရာ အမွှေးအကြိုင်များကိုထည့်ပြီး ထောင်းနိူင်ကြိတ်နိူင်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ငရုတ်သီး အရောင်တင်မှုန့် -  ထမင်းစားဇွန်း ၄ဇွန်း
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ ၂ဝခန့်  (အခွံခွာပြီး ရေဆေးထားပါ)
  3. ကြက်သွန်နီ - အလုံးကြီးကြီး ၆လုံးခန့် (အခွံခွာပြီး ရေဆေးထားပါ)
  4. ချင်း - ၃လက်မခန့် (အခွံခွာပြီး ရေဆေးထားပါ)
ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်း အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကြိတ်စက်အဆင်ပြေပါက ကြိတ်စက်နှင့် ကြိတ်ပေးပါ
  • ကြိတ်စက် အဆင်မပြေပါက ငရုတ်ဆုံနှင့် ထောင်းပေးပါ
  • ဗလင်ဒါနှင့် ကြိတ်မည်ဆိုပါက ဗလင်ဒါထဲထည့်ပြီး မိမိနှစ်သက်တဲ့ အနေအထားရအောင် ကြိတ်ပေးပါ
  • ငရုတ်ဆုံနှင့် ထောင်းလျှင်လည်း အားလုံးကိုရောကာ မိမိနှစ်သက်တဲ့ အနေအထားရအောင် ထောင်းပေးပါ
  • မိမိလိုချင်သည့် အနေအထားရပါက အားလုံးအဆင်သင့် ဖြစ်တာနဲ့ တစ်ခါချက်စာ အထုတ်လေးတွေကို လေလုံသော အိတ်လေးများထဲ ထည့်ပေးပါ
  • ငရုတ်သီးများ ကုန်အောင်ထည့်ပြီးတာနဲ့ ဗလင်ဒါကို ရေအနည်းငယ်နဲ့ကျင်းပြီး ဟင်းချက်ရာတွင် သုံးရန်အတွက် ထိုအရည်ကိုလဲ လေလုံအိတ်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ ထည့်ခဲထားပါ
  • တစ်ပါတ်စာ ငရုတ်သီးမှုန့်နှင့် အမွှေးအကြိုင်များထည့်ကာ ကြိတ်ထားသော တခါချက်စာ အထုတ်လေးတွေထုတ်၍ ခဲထားရန် အဆင်သင့်ရပါက ရေခဲသေတ္တာ ခဲသောအကန့်ထဲမှာ ထည့်သိမ်းထားပါ
  • ဟင်းချက်မည် ဆိုပါက ထိုအထုတ်လေးကို ၂နာရီလောက် ကြိုထုတ်ထားပေးပါ
  • ခဲနေတာတွေ ပျော်လာပါက ဟင်းချက်ရန်အတွက် ငရုတ်သီးထောင်းကို အဆင်သင့် ရပါပြီ။

No comments:

Post a Comment