Sunday 12 November 2017

သရက်သီးစိမ်းသုပ်



သရက်သီး ပေါ်တုန်းလေး အမျိုးမျိုး လုပ်စားဖြစ်သလို ဒီနေ့တော့ သရက်သီး အစိမ့်သုပ်လေးသုပ်ကာ ဒန့်ဒလွန်သီး ဟင်းခါးလေးနဲ့ လိုက်ဖက်လွန်းကာ ချဉ်ငံစပ်ပြီး မွှေးနေတဲ့ သရက်သီးစိမ်းသုပ် သုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်​ပစ္စည်းများ

  1. သရက်သီးစိမ်း - ခပ်ကြီးကြီး တစ်လုံး
  2. အရသာမှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ငရုတ်သီး အလှော်မှုန့် -  စားနိုင်သလောက်
  4. နှမ်းဖြူလှော်ထောင်း -  လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  5. မပဲလှော်ထောင်း - လက်ဖက်ရည်ဇွန် သုံးဇွန်း
  6. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. မြေပဲဆီစိမ်း - ထမင်းစားဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ
  • သရက်သီးစိမ်းကို အညှာဖက်မှလှီးပြီး ရေနိုင်နိုင်ဆေးကာ အစေးထုတ်ပေးပါ
  • ပြီးတာနဲ့ အခွံခွာကာ သရက်သီးခြစ်နှင့် ခြစ်ပေးပါ
  • ဒယ်အိုးထဲမှာ နှမ်းဖြူ ကိုထည့်ပြီး နီညိုလေး သန်းလာအောင် လှော်ပေးပြီး ထောင်းထားပါ
  • မြေပဲလှော်ပြီးသားကို အခွံခွာပြီး သန့်စင်ပေးကာ မညက်တစ်ညက် အနေအထားရအောင် ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်​ပစ္စည်းများ အားလုံးကို ဇလုံတစ်လုံးထဲထည့်ကာ ဖွဖွလေးရောနယ်ပေးပါ
  • အရသာ သမသွားတာနဲ့  အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးကာ စားပွဲပြင်ပေးပါ
  • ဒန့်ဒလွန်သီး ဟင်းခါးနှင့် တွဲဖက်စားရန် အရသာ ရှိလှသော မြေပဲနှမ်းထောင်း သရက်သီးသုပ်လေးကို စားသုံးရန် အသင့် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment