Sunday 28 January 2018

Basa ငါးပေါင်း ခရမ်းချဉ်သီး အချဉ်ချက်










အရမ်းစားကောင်းကြတယ် ကြိုက်ကြတယ်ဆိုရင် ထပ်ထပ်ချက်ဖြစ်တတ်တဲ့ အလေ့အထလေးက ရှိနေလေတော့ ဒီနေ့မှာ ငါးပေါင်းကို ခရမ်းချဉ်သီးနဲ့ ချဉ်ငံစပ်လေး ချက်မိပြန်ပါတယ် စားမိန်ဟင်းလေး တမယ်ရလေအောင် ချက်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. Basa ငါးပြား  - 500 g
  2. ချင်း - လက်တဆစ်လောက် (ဟင်းချက်ရန်)
  3. ကြက်သွန်နီ - အနေတော် ၂လုံး (ဟင်းချက်ရန်)
  4. ကြက်သွန်ဖြူ အမွှာကြီးကြီး ၃မွှာ ( ငါးဆုတ်ဆီသတ်ရန်)
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက် (ဟင်းချက်ရန်)
  6. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  7. ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  8. အုန်းနို့ အနှစ် - ထမင်းစားဇွန်း ၃ဇွန်း
  9. နံနံပင် - နှစ်သက်သလောက်
  10. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃လုံး
  11. ရေ - အနေတော်
  12. ဆီ - ထမင်းစားဇွန်း ၅ဇွန်းသာသာ


ငါးကြိတ်သား ကြိတ်ပေးရန် ပါဝင်ပစ္စည်းများ  
  • ဘာဆာငါး - 500 g
  • ဆား - လက်ဖက်ရည်ဇွန်းတဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းတဝက်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး  ၃မွှာ (ငါးကြိတ်ရန်)
  • corn flour - ထမင်းစားဇွန်း မောက်မောက် တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းလေးပုံတပုံ (အားလုံကိုရောပြီး ဗလင်ဒါထဲမှာထည့်ကာ တမိနစ်ကြိတ်တခါနားပြီး အနည်းဆုံး ၁၀ခါလောက် ကြိတ်ပေးပါ)
ငါးပေါင်းရန်
  1. ကြိတ်ပြီးသားငါးကို ပုံပါအတိုင်း ဇောက်နက်သော ပန်းကန်ထဲမှာထည့်ပြီး မျက်နှာပြင် ညီအောင်ညှိပေးပါ
  2. ပြီးတာနဲ့ ဇောက်နက်သော အိုးထဲမှာ ငါးပေါင်းပန်းကန် တဝက်မရှိတရှိ မြုပ်နိုင်ရုံ ရေထည့်ပေးပါ
  3. ရေထည့်ထားသော အိုးထဲမှာ ငါးကြိတ်သားထည့်ထားသော ပန်းကန်ကိုထည့်ပြီး  အိုးအဖုံးအုပ်ကာ မိနစ်၂၀လောက် ပေါင်းပေးပါ
  4. ငါးပေါင်းနေစဉ် ငါးပန်းကန်ထဲမှ ငါးကြိတ်သားများ ပွတက်လာတတ်ပါတယ်
  5. အပြင်ကို လျှံမထွက်စေရန် အိုးအဖုံးက်ု အသာလေး ဟပေးထားပါ
  6. ပေါင်းထားသော ငါးကြိတ်သားကို အအေးခံပြီး cling wrapနှင့်အုပ်ကာ ရေခဲသေတာ မခဲတဲ့အခန်းထဲမှာ တညလောက် ထည့်ထားပေးပါ
ပြင်ဆင်ပုံ
  1. ငါးပေါင်းကို ပန်းကန်ထဲမှ ထုတ်ပေးကာ မိမိနှစ်သက်သလောက် အတုံးလေးတွေ လှီးပေးပါ
  2. ခရမ်းချဉ်သီးကို ရေဆေးပြီး ပါးနိုင်သမျှ ပါးပါး လှီးပေးပါ
  3. မာမာကတော့ ဒီတခါ ငါးပေါင်းကို လက်တလုံးလောက် ခပ်ရှည်ရှည်လေးတွေ လှီးထားပါတယ်
  4. ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  5. ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
  6. အဆင်သင့် ဖြစ်တာနဲ့ ငရုတ်သီး အရောင်တင်မှုန့် ကြက်သွန်ဖြူ ချင်း နှင့် ကြက်သွန်နီတို့ကို ညက်နေအောင် ထောင်းထားပေးပါ
  7. ဆား အချိုမှုန့် နှင့်ငံပြာရည်တို့ကို ပြင်ထားပါ
  8. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  9. ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ထောင်းထားသော ချင်း ကြက်သွန်များနှင့် ငရုတ်သီး အရောင်တင်မှုန့်ကို ထည့်ပြီး ဆီသတ်ပါ
  10. ဆီသတ်နံ့ သင်းလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီးကို ကျေအောင်မွှေမွှေပေးပါ
  11. ခရမ်းချဉ်သီးများ ကျေလာတာနဲ့ လှီးထားသောငါးပေါင်း အချိုမှုန့် ဆား ငါးငံပြာရည်တို့နှင့် အတူထည့်ကာ အိုးမကပ်စေရန် အိုးကို လှုပ်လှုပ်ပေးပါ 
  12. ငါးပေါင်းကို ဆီသတ်နေစဉ် အိုးမကပ်စေရန် ရေအနည်းငယ် ထည့်ထည့်ပေးပြီး အိုးကို လှုပ်လှုပ်ပေးပါ
  13. ဆီသတ်နံ့ သင်းလာတာနဲ့ ရေအနည်းငယ်ကိုထည့်ကာ မိနစ်ဝက်လောက် ပွက်ပွက်ဆူအောင် ထားလိုက်ပါ
  14. ငါးပေါင်းက ကျက်ပြီးသား ဖြစ်တဲ့အတွက် ရေကိုအများကြီး တခါထဲ မထည့်ဘဲ လိုချင်သလောက် ချင့်ချိန်ပြီး ထည့်ပေးပါ
  15. ဟင်းအိုးတည်နေစဉ် ငါးပေါင်းက ပွတက်လာတတ်တဲ့အတွက် အိုးအဖုံးကို ဖွင့်ပြီးတည်ပေးပါ
  16. ဟင်းအနှစ်များ ပွက်ပွက်ဆူလာတာနဲ့ အရသာကို မြည်းပေးကာ လိုသလို ပြင်ပေးပါ
  17. ဟင်းအိုးဆီပြန်လာတာနဲ့ နံနံပင်ထည့်ပြီး အုပ်ပေးပါ
  18. ပြီးတာနဲ့ ခရမ်းချဉ်သီး ငါးပေါင်းချဉ်ငံစပ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment