Monday 23 April 2018

ကြက်သား မဆလာအုပ်


ဒီနေ့တော့ ပလာတာရိုက်ဖြစ်တာနဲ့ ကြက်သားကို မဆလာနိုင်နိုင်နဲ့ ဆီလည်ရေလည်လေး ချက်လိုက်ပါတယ် ပလာတာနဲ့စားမှာ ဖြစ်တဲ့တွက် အရည်လေးနဲ့ ချက်လိုက်တာပါ ချက်နည်းကတော့ မာမာ့နည်း အတိုင်းပါဘဲ ထပ်မံမျှဝေလိုက်ခြင်းသာ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ - 250g 
  • ကြက်သွန်နီ - အနေတော် ၃လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • စပါးလင် - အရွက်များပါသော အပင်၂ပင်
  • ချင်း - လက်တဆစ်သာသာ
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • မဆလာ - ထမင်းစားဇွန်း တဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးများ တုံးပေးပါ
  • တုံးထားသော ကြက်သားကို ငံပြာရည် ဆား ဟင်းခတ်မှုန့် နနွင်းမှုန့်တို့ဖြင့် အရသာနယ်ပြီး နှပ်ထားပါ
  • မဆလာကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်အရင်းပိုင်း ၂လက်မခန့်ကို ပါးပါးလှီးထားပါ
  • စပါးလင်အရွက်များကို ရေဆေးပြီး ဓါးပြားရိုက်ကာ ထုံးထားပါ
  • ကြက်သွန်နီ လှီးထားသော  ကြက်သွန်ဖြူ ချင်းနှင့် ငရုတ်သီး အခြောက်တောင့်တို့ကို ညက်နေအောင် ထောင်းထားပါ
  • စပါးလင်အရင်းပိုင်း ၂လက်မခန့်ကို ပါးပါးလှီးထားပါကို ရေဆေးပြီး ဓါးပြားရိုက်ကာ ထုံးထားပါ

ပြင်ဆင်ပုံ

  • ဒယ်အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထုံးထားသော စပါးလင်ကို ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပါက ထောင်းထားသော ကြက်သွန်နှင့် ငရုတ်သီး အနှစ်ထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပါက အရသာနယ်ထားသော ကြက်သားများကို ထည့်ပြီးမွှေပေးပါ
  • ကြက်သား အပေါ်ယံကြောတွေ မာတင်းလာအောင် ဆီသတ်ပေးပြီးမှ အိုးအဖုံးကိုပိတ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် အြိးကို လှုပ်လှုပ်ပေးပါ
  • ဆီသံလေး ကြားလာတာနဲ့ ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ 
  • ထည့်ထားသော ရေခမ်းတာနဲ့ ကြက်သားနူးအောင် ရေအနည်းငယ်စီ ထပ်ထပ်ထည့်ပြီး တည်ပေးပါ
  • ကြက်သားနှုးအိလာပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီလည်ရေလည်ရအောင် တည်ပေးပါ
  • ဆီလည်ရေလည် အနေတော် ရသွားပြီဆိုမှ စပါးလင်ထုံးကိုဖယ်ကာ မဆလာအုပ်ပေးပြီးပါက အရသာရှိသော ကြက်သားဆီလည်ရေလည် မွှေးမွှေးလေးကို ပလာတာနှင့် တွဲဖက်ကာ စားပွဲပြင်ပေးပါ။

No comments:

Post a Comment